Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
ကိုယ့် iPhone ကို ကာကွယ်ဖို့ Phone Case ကို ဘယ်လိုရွေးချယ်ကြမလဲ

ကိုယ့် iPhone ကို ကာကွယ်ဖို့ Phone Case ကို ဘယ်လိုရွေးချယ်ကြမလဲ

ဘယ်သူပဲဖြစ်ဖြစ် iPhone လေးတစ်လုံးကို ဝယ်ယူပြီးသွားပြီဆိုရင် Apple ရဲ့ Premium Quality ကိုတော့ မထိခိုက်အောင် တန်ဖိုးထားချင်ကြတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် မတော်တဆ ထိခိုက်၊ ပွန်းတာတွေမရှိရအောင် Phone Case လေးတွေကို ဝယ်ယူပြီး အသုံးပြုကြတဲ့သူတွေအများကြီးရှိပါတယ်။ 

အခုလိုမျိုး Phone Case ကို ဝယ်ယူတဲ့နေရာမှာ ပုံမှန်ကတော့ Design ကို ကြိုက်တယ်ဆိုရင် ဝယ်ယူကြတာများပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ iPhone 12 Series လိုမျိုး နောက်ဆုံးထွက် iPhone ကိုလည်း ဝယ်ယူထားတယ်ဆိုရင် Phone Case ပိုင်းမှာလည်း အရည်အသွေးကောင်းမွန်တဲ့ Phone Case တွေနဲ့ ဝယ်ယူတာက အကောင်းဆုံးဖြစ်မှာပါ။ 

အခု Article မှာတော့ iPhone ကိုင်ထားပြီး ကိုယ့်အတွက် ဘယ်လိုမျိုး Phone Case ကို ရွေးချယ်ကြမလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

(1) iPhone ကို ဘယ်လောက်ထိ ကာကွယ်ချင်တာလဲဆိုတာကို ဦးစားပေး စဥ်းစားပါ

ဒါကတော့ ကိုယ့် iPhone အတွက် Phone Case ဝယ်ဖို့ စဥ်းစားနေတာနဲ့ အရင်ဆုံးကြည့်သင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် iPhone Case တွေဟာ Design ပိုင်းမှာ ကာကွယ်နိုင်ပေါ်မှုတည်ပြီး ကွာခြားနေတာကြောင့်ဖြစ်ပါတယ်။​

အဲ့ဒီအတွက် ကိုယ်က ဖုန်းကို အဓိကမထိခိုက်အောင် ကာကွယ်ပေးနိုင်ဖို့ဆိုရင် Rugged Phone Case တွေ၊ Silicon အထူသားသုံးပေးထားပြီး အထူးသဖြင့် ဘေးထောင့်တွေကို ပြုတ်ကျဒါဏ်တွေကို ခံနိုင်အောင် ပြုလုပ်ထားတဲ့ Phone Case တွေကို အသုံးပြုသင့်ပါတယ်။ 

တကယ်လို့ Phone Case ကို သာမန်အစင်းရာထင်တာတွေ၊ မတော်တဆထိခိုက်မှုတွေကနေပဲ ကာကွယ်ဖို့ဆိုရင်တော့ Design လှပတဲ့ Phone Case တွေက ပိုပြီးသင့်တော်မှာဖြစ်ပါတယ်။ Leather Case တွေကအစရှိပြီး နောက်ကျောဘက် Apple Logo ကို မြင်ရတဲ့ Transparent Case တွေ၊ နောက်ဆုံး ဖုန်းရဲ့ ဘေးဘောင်ကိုပဲ ကာကွယ်ပေးထားနိုင်တဲ့ Aluminum Bumper Case တွေကိုပါ ဝယ်ယူနိုင်ပါတယ်။ 

(2) ကိုယ့် Wireless Charger နဲ့ အဆင်ပြေမယ့် Phone Case ကို ရွေးချယ်ပါ

ကိုယ်ကြိုက်တဲ့ Phone Case ကို ဝယ်ပြီးတော့မှ အားသွင်းဖို့ Wireless Charger ပေါ်တင်လိုက်တဲ့အချိန် Phone Case က ထူနေတာကြောင့် အားမဝင်တဲ့ပြဿနာမျိုးကိုတော့ ဘယ်သူမှ ကြုံချင်မှာမဟုတ်ပါဘူး။​ အထူးသဖြင့် Wireless Charging နဲ့ အားသွင်းချင်တိုင်း Phone Case ကို ချွတ်နေရတာက ဘယ်လိုမှ Convenient ဖြစ်မှာ မဟုတ်တာကြောင့် ဒီအချက်က ထည့်သွင်းပြီး စဥ်းစားသင့်ပါတယ်။ 

ဒါကိုတော့ ပုံမှန်အားဖြင့် Wireless Charger ရဲ့ Specification မှာ ကြည့်ရှုနိုင်ပြီး ပုံမှန်အားဖြင့် Wireless Charger အများစုဟာ 3mm ဝန်းကျင်အထူရှိတဲ့ Phone Case တွေအထိ အားသွင်းပေးနိုင်ပါတယ်။ ဒီလိုမျိုး Phone Case တပ်ပြီး Wireless Charger နဲ့ အားသွင်းမယ်ဆိုရင်တော့ တစ်ခုသတိထားသင့်တာက ဖုန်းနဲ့ Phone Case ကြားထဲမှာ Credit Card ၊ RFID ပါတဲ့ ဝန်ထမ်းကဒ်တွေလိုမျိုးကိုတော့ ထည့်ထားပြီး အားမသွင်းသင့်ပါဘူး။ 

(3) iPhone 12 Series အတွက်ဆိုရင် MagSafe Support ဖြစ်ရဲ့လားဆိုတာကို စစ်ဆေးပါ

 Apple ဟာ iPhone 12 Series မှာ MagSafe နည်းပညာကို ထည့်သွင်းပေးခဲ့တာကိုတော့ လူတိုင်းသိပြီးဖြစ်မှာပါ။​ တကယ်လို့ iPhone 12 Series ကို အသုံးပြုနေတယ်၊​ MagSafe Charger ကိုလည်း အသုံးပြုနေတယ်ဆိုရင်တော့ Phone Case ဝယ်ယူတဲ့အချိန်မှာ MagSafe ကို Support ပြုလုပ်သလားဆိုတာကလည်း အရေးကြီးပါတယ်။ 

အကောင်းဆုံးကတော့ iPhone 12 Series အတွက် Original MagSafe Phone Case တွေကို ဝယ်ယူတာဖြစ်ပါတယ်။ တကယ်လို့ Third-party Phone Case ကို ဝယ်ယူမယ်ဆိုရင်လည်း MagSafe ကို Support ပြုလုပ်သလားဆိုတာကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ 

(4) Power Bank အစားထိုး သုံးနိုင်မယ့် Battery Case တွေကို ရွေးချယ်သင့်လား

တကယ်လို့ ကိုယ်က အမြဲတမ်းအပြင်သွားနေရတယ်ဆိုရင်တော့ ဖုန်းအားကုန်နေတာကို မကြာခဏကြုံဖူးကြမှာပါ။ အဲ့ဒါကြောင့် Power Bank ကို ယူသွားမယ့်အစား Battery Case တွေကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ 

Battery Case တွေကို အသုံးပြုတာရဲ့ အားသာချက်ကတော့ Power Bank လိုမျိုး သီးသန့်ပစ္စည်းတစ်ခုကို သယ်ဆောင်သွားစရာမလိုတာဖြစ်ပါတယ်။ ဖုန်းကိုလည်း ကာကွယ်ပြီးသားဖြစ်တာကြောင့် 2-in-1 အသုံးပြုနိုင်တယ်လို့တောင် ပြောနိုင်ပါတယ်။ 

အားနည်းချက်တွေကတော့ Battery Case တွေက Power Bank တွေလောက် Battery Capacity ပါဝင်ခြင်းမရှိသလို Charging Speed ပိုင်းမှာလည်း ပိုပြီး နှေးကွေးမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်က ရွေးချယ်တဲ့ Battery Case ပေါ်မှုတည်ပြီး ကိုင်ရတာက ပိုပြီး ထူနေမှာဖြစ်သလို ပိုလည်း အလေးချိန်စီးနေမှာဖြစ်ပါတယ်။ 

(5) တခြားဖုန်းတွေနဲ့ ကွဲထွက်ချင်တဲ့သူတွေအတွက် အခြား Accessories တွေ

Phone Case တွေကိုလည်း အသုံးမပြုမချင်ဘူး၊ ဒါပေမယ့် ကိုယ့်ဖုန်းကို ကာကွယ်ဖို့ထက် ပြုတ်မကျအောင် ကိုင်ထားဖို့၊​ အသုံးဝင်တဲ့ Card & Wallet အနေနဲ့ အသုံးပြုဖို့ပဲဖြစ်ဖြစ်၊ Phone Stand အနေနဲ့ အသုံးပြုချင်တယ်ဆိုရင်လည်း ရွေးချယ်နိုင်တဲ့ Accessories တွေ အများအပြားရှိပါတယ်။ 

အထူးသဖြင့် ဖုန်းကို ကိုင်ထားနိုင်မယ့် Grip အနေနဲ့ရော Phone Stand အနေနဲ့ပါ အသုံးပြုနိုင်မယ့် MOFT O Snap Phone Stand & Grip ၊ Phone Stand အနေနဲ့ အသုံးပြုနိုင်သလို မသုံးတဲ့အချိန်မှာ ကပ်ထားနိုင်တဲ့ SwitchEasy MagStand Magnetic Adhesive Stand တွေအပြင် Apple Original သုံးချင်တယ်ဆိုရင် Apple Original Leather Wallet with MagSafe လိုမျိုး အသုံးပြုနိုင်ပါသေးတယ်။ 

ကိုယ့် iPhone အတွက် Phone Case တွေအပြင် တခြားသော Product တွေကိုစိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Delivery Service ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

Previous article Beats Studio Buds က AirPods Pro ထက် ပိုတန်တဲ့ရွေးချယ်မှုဖြစ်လာနိုင်မလား
Next article ကိုယ့်လုပ်ငန်းအတွက် ရေရှည်အသုံးပြုချင်တယ်ဆိုရင် စဥ်းစားသင့်တဲ့ M1 iMac 24” 2021