Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
Apple ရဲ့ Lossless Hi-Res Music ကို ဘယ်လိုနားထောင်မလဲ

Apple ရဲ့ Lossless Hi-Res Music ကို ဘယ်လိုနားထောင်မလဲ

Apple Music ဟာ အခုအချိန်မှာ Lossless Hi-Res Support ပြုလုပ်နေပြီဖြစ်သလို Spatial Audio ၊ Dolby Atmos တွေကိုလည်း ယခင်ထက် လစဥ်ကြေးထပ်တိုးကောက်ခံခြင်းမရှိဘဲ Support ပေးနေပြီဖြစ်ပါတယ်။ ဒါက Apple Music အသုံးပြုသူတွေအတွက်တော့ ကြီးမားတဲ့ Upgrade တစ်ခုကို အခမဲ့ရရှိလိုက်တာပါ။ 

ဒါပေမယ့်လည်း လက်ရှိ Bluetooth သို့မဟုတ် Earpods တွေရှိရုံနဲ့ပဲ Apple Music Lossless Hi-Res Audio ကို နားဆင်နိုင်မှာတော့မဟုတ်ပါဘူး။ အဲ့ဒီအတွက် ယခု Article မှာတော့ Apple Music ရဲ့ထပ်တိုးလာတဲ့ Lossless Hi-Res Support ၊ Dolby Atmos နဲ့ Spatial Audio တွေကို ဘယ်လိုမျိုး နားထောင်နိုင်မလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

အရင်ဆုံး Apple Lossless Hi-Res Audio အကြောင်းကို ရှင်းပြသွားပါမယ်။ 

Apple Music ဟာ ယခင်တုန်းက AAC (Advanced Audio Codec) လို့ ခေါ်ဆိုတဲ့ Audio Codec ကို အသုံးပြုပြီးတော့ Streaming ပြုလုပ်နေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ALAC (Apple Lossless Audio Codec) လို့ ခေါ်ဆိုတဲ့ Apple ကိုယ်ပိုင် Lossless Audio Compression နည်းပညာကို စတင်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ ALAC Format ဟာ Musician တွေရဲ့ မူရင်း Record အတိုင်းနီးပါး အရည်အသွေးမြင့်မားတဲ့အတွက် အသံအရည်အသွေးအကောင်းဆုံးကိုပဲ​ နားဆင်ချင်တဲ့သူတွေအတွက် လုံးဝစိတ်ကြိုက်ဖြစ်မှာပါ။ Apple ကတော့ ဒါကို Apple Digital Master လို့ ခေါ်ဆိုထားပါတယ်။ 

Apple ALAC Format ဟာ AAC လိုမျိုး သတ်မှတ်ထားတဲ့ Bitrate တစ်ခုတည်းနဲ့ နားဆင်နိုင်မှာမဟုတ်ဘဲ နားထောင်တဲ့ Device နဲ့ Recording ပြုလုပ်ထားတဲ့ပေါ်မှုတည်ပြီးတော့ 16-bit/44.1kHz (CD Quality) ကနေ 24-bit/192kHz အထိ နားဆင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ALAC Format နဲ့ အကောင်းဆုံးနားဆင်ဖို့အတွက်က ကိုယ်အသုံးပြုတဲ့ Device ပေါ် အဓိကမူတည်မှာပါ။ 

Apple Lossless Hi-Res Audio ကို ဘယ်လိုနားထောင်နိုင်မလဲ

အရင်ဆုံး သတိပြုသင့်တဲ့အချက်ကတော့ Lossless Audio ဟာ Data စားသုံးမှုများပြားတဲ့အတွက် တကယ်လို့ Wi-Fi နဲ့ မဟုတ်ဘဲ အသုံးပြုမယ်ဆိုရင် Data Package တွေက ခဏလေးနဲ့ကုန်သွားနိုင်ပါတယ်။ အဲ့ဒီအတွက် Wi-Fi သို့မဟုတ် Download ပြုလုပ်ပြီး နားထောင်ဖို့ကိုပဲ အကြံပေးရမှာပါ။ 

နောက်ထပ်တစ်ချက် သတိပြုရမှာကတော့ Apple ရဲ့ Bluetooth Audio Device တွေဖြစ်တဲ့ AirPods ၊ AirPods Pro ၊ AirPods Max နဲ့ Beats Audio Device တွေဟာ AAC Codec ကိုပဲ အသုံးပြုတဲ့အတွက် Lossless Audio ကို နားဆင်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျန်တဲ့ Spatial Audio ၊ Dolby Atmos ကိုတော့ Support ပြုလုပ်မှာဖြစ်ပါတယ်။

 

အဲ့ဒီအတွက် Apple Music ကနေ Lossless Audio ကို နားထောင်မယ်ဆိုရင် အရင်ဆုံး ကိုယ့် iPhone သို့မဟုတ် iPad ကို iOS/iPadOS 14.6 ကို တင်ထားဖို့လိုအပ်ပါတယ်။ ပြီးရင်တော့ ကြိုးနဲ့ ချိတ်ဆက်ပြီး အသုံးပြုရမယ့် Headphone ၊ Receiver နဲ့ Speaker Setup တွေနဲ့ နားထောင်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ Device Speaker နဲ့လည်း နားထောင်နိုင်တယ်ဆိုပေမယ့် အကောင်းဆုံး Experience ကို ရရှိဖို့အတွက်ကတော့ ကြိုးနဲ့ Headphone ကောင်းကောင်းကို ချိတ်ဆက်ပြီး နားဆင်ရမှာပါ။ 

တကယ်လို့ ကိုယ်က Bitrate 48kHz နဲ့အထက် Apple Digital Master သီချင်းတွေကို နားဆင်မယ်ဆိုရင်တော့ သီးသန့် External Digital-to-Analog Converter (DAC) ပါ လိုအပ်မှာဖြစ်ပါတယ်။ DAC ကတော့ ကိုယ်လိုချင်တဲ့အတန်းအစားပေါ်မှုတည်ပြီး စျေးနှုန်းအမျိုးမျိုးရှိတဲ့အတွက် အနည်းဆုံး 48kHz အထက်ကို Support ပေးနိုင်တဲ့ DAC ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ 

Mac ကွန်ပျူတာတွေနဲ့ နားဆင်မယ်ဆိုရင်တော့ macOS 11.4 နဲ့အထက် ရှိဖို့လိုအပ်ပြီး iPhone ၊ iPad တွေလိုမျိုးပဲ ကြိုးနဲ့ ချိတ်ဆက်အသုံးပြုရတဲ့ Headphone ၊ Receiver ၊ Speaker Setup သို့မဟုတ် Device Speaker တွေနဲ့ပဲ နားဆင်နိုင်မှာဖြစ်ပါတယ်။ 48kHz နဲ့အထက် Bitrate ရှိတဲ့ သီချင်းတွေကို နားဆင်မယ်ဆိုရင်လည်း သီးသန့် External DAC လိုအပ်ဦးမှာဖြစ်ပါတယ်။​

ဒီနေရာမှာ DAC လောက်အထိ မဝယ်ယူချင်ဘူးဆိုတဲ့သူတွေအနေနဲ့ Apple ကနေ ထုတ်လုပ်ထားတဲ့ Lightning to 3.5mm Headphone Jack Adapter နဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Adapter ဟာ 24-bit/48kHz Lossless Audio တွေကို Support ပြုလုပ်တဲ့ Digital-to-Analog (DAC) ပါဝင်ပြီးသားဖြစ်ပါတယ်။ 

AirPods Max အတွက် Lightning to 3.5mm Audio Cable ကို အသုံးပြုပြီးလည်း Lossless Hi-Res Audio တွေကို နားဆင်နိုင်မှာဖြစ်ပေမယ့် လုံးဝ အရည်အသွေးကောင်းမွန်တဲ့ Audio Quality ရရှိဖို့အတွက် သီးသန့် DAC ကို အသုံးပြုဖို့ Apple ကိုယ်တိုင်က Recommend ပေးထားပါတယ်။ 

Spatial Audio | Dolby Atmos ဆိုတာ ဘယ်လိုမျိုးလဲ

Spatial Audio | Dolby Atmos ကတော့ ယခင်တုန်းက AirPods တွေမှာပဲ Support ပြုလုပ်တဲ့ Spatial Audio နဲ့ဆင်တူပြီးတော့ အခုအချိန်မှာ Apple Music အတွက်ပါ Headphone ၊ Earbuds အကုန်လုံးအတွက် Support ပြုလုပ်လာတာဖြစ်ပါတယ်။ ဒါပေမယ့် Apple W1 နဲ့ H1 Chip ပါဝင်တဲ့ AirPods နဲ့ Beats Product တွေမှာပဲ Dolby Atmos ကို Auto Playback ပြုလုပ်ပေးမှာဖြစ်ပြီး ကျန်တဲ့ Headphone နဲ့ Earbuds တွေအတွက်ကတော့ Setting ထဲက Music > Audio မှာရှိတဲ့ Dolby Atmos ကို “Always On” ဆိုပြီး ပြောင်းထားပေးရမှာဖြစ်ပါတယ်။ တခြား Devices တွေအနေနဲ့ကတော့ နောက်ဆုံးထွက်ရှိထားတဲ့ iPhone ၊ iPad နဲ့ Mac ကွန်ပျူတာတွေမှာလည်း ဖွင့်ပြီး နားဆင်နိုင်မှာပါ။ ဒါမှမဟုတ် Apple TV မှာလည်း Dolby Atmos Support ပြုလုပ်တဲ့ Speaker သို့မဟုတ် AirPods နဲ့ ချိတ်ဆက်နားဆင်နိုင်မှာဖြစ်ပါတယ်။ 

Apple Lossless Hi-Res Audio နဲ့ ပတ်သတ်ပြီး တခြားဘာတွေသိထားဖို့လိုအပ်မလဲ

လက်ရှိ Apple Music မှာ နောက်ပိုင်းထွက်ရှိလာတဲ့ Album တွေနဲ့ နာမည်ကြီး Album တွေကတော့ Apple Digital Master သို့ Lossless Hi-Res ကို Support ပေးနိုင်မှာဖြစ်ပေမယ့် Album အားလုံးကတော့ Support ပြုလုပ်မှာမဟုတ်ပါဘူး။​ ဒါပေမယ့် Spatial Audio ၊ Dolby Atmos ကိုတော့ သီချင်းတိုင်းနီးပါးမှာ နားဆင်နိုင်မှာဖြစ်ပါတယ်။ 

နောက်တစ်ခုကတော့ Broadcast Radio ၊ Live Radio ၊ On-demand Content တွေနဲ့ Music Video တွေမှာ Lossless Audio ကို Support ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ တကယ်လို့ Apple Music Library ထဲမှာ သီချင်းတွေကို Download ပြုလုပ်ထားတယ်ဆိုရင် Lossless Hi-Res Version အတွက် သီချင်းတွေအကုန်လုံးကို အစကနေ ပြန်ပြီး Download ပြုလုပ်ရမှာဖြစ်ပါတယ်။ 

အခုပြောသွားတာကတော့ Apple Music မှာ အသစ်ပါဝင်လာတဲ့ Lossless Hi-Res Audio နဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းပြပေးသွားတာဖြစ်ပါတယ်။ တကယ်လို့ Apple AirPods Pro နဲ့ တခြားသော Product တွေကို ဝယ်ယူချင်တယ်ဆိုရင်လည်း iSure ဆိုင်ခွဲတွေ သို့မဟုတ် isuremyanmar.com ကနေတစ်ဆင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ လောလောဆယ် ကန့်သတ်ထားတဲ့အချိန်အတွင်းမှာ KBZ ၊ CB Bank Tranfer နဲ့ KBZ Pay လို Digital Payment နဲ့လည်း ငွေကျပ် (၁၀) သိန်းအထိ ပေးချေနိုင်တဲ့အတွက် လက်ထဲမှာ ငွေသားအများကြီးမရှိရင်လည်း အဆင်ပြေမှာဖြစ်ပါတယ်။ 

Previous article iPhone ကို TV နဲ့ချိတ်ဆက်ပြီး ဘယ်လိုအသုံးပြုကြမလဲ
Next article Mac Storage ကိုဘယ်လိုမျိုး စနစ်တကျရှင်းရမလဲ