Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
ဒီလိုအချိန်မှာ အသုံးသင့်ဆုံး Apple Watch ရဲ့ Handwashing Feature

ဒီလိုအချိန်မှာ အသုံးသင့်ဆုံး Apple Watch ရဲ့ Handwashing Feature

အခုလိုမျိုး COVID-19 Third Wave ပျံ့နှံ့နေတဲ့အချိန်မှာ လူတိုင်းအနေနဲ့ ကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်ထားဖို့လိုအပ်ပါတယ်။ ဒီလိုမျိုး ကာကွယ်မှုတွေထဲမှာ Face Mask ၊ Face Shield တွေတပ်တာအပြင် လက်ဆေးတာတွေလည်း ပါဝင်ပါတယ်။ 

ဒါပေမယ့် ဒီလိုမျိုးလက်ဆေးတဲ့အချိန်မှာ သာမန်ဆေးကြောရုံတင်မရဘဲ အနည်းဆုံး စက္ကန့် ၂၀ ခန့် ဆပ်ပြာကို အသုံးပြုပြီး သေချာစနစ်တကျဆေးကြောမှသာ ရောဂါပိုးတွေက ကပ်ညှိမနေမှာဖြစ်ပါတယ်။ ဒီလိုမျိုး အချိန်စက္ကန့် ၂၀ မပြည့်ဘဲ ဆေးကြောမိတယ်ဆိုရင် လက်မှာ ရောဂါပိုးတွေက အနည်းအကျဥ်းကပ်ညှိနေနိုင်ပါသေးတယ်။ 

အဲ့ဒီအတွက် စက္ကန့် ၂၀ ပြည့်မပြည့်ကို ကိုယ့်ဘာသာစိတ်ထဲကနေ အချိန်မှတ်နေမယ့်အစား Apple Watch လေးပတ်ထားမယ်ဆိုရင် လုံးဝ ဘာမှလုပ်စရာမလိုဘဲ အလိုအလျောက်အချိန်မှတ်ပေးမယ့် Feature လေးတစ်ခုအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ ဒါကတော့ Apple ရဲ့ Handwashing Feature ပဲဖြစ်ပါတယ်။ အခု Article မှာ ဒီ Handwashing Feature ကို ဘယ်လိုမျိုးအသုံးပြုရမလဲဆိုတာအပြင် ဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုပါ ဖော်ပြပေးသွားမှာပါ။ 

အရင်ဆုံး Handwashing Feature ဟာ Advanced Microphone နဲ့ Ambient Sound Detection နည်းပညာတွေကိုပါ အသုံးပြုတာဖြစ်တဲ့အတွက် Series 4 နဲ့အထက် Apple Watch တွေမှာပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Series 3 လိုမျိုး Apple Watch တွေအသုံးပြုနေတယ်ဆိုရင်တော့ အခု Handwashing Feature ကို အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ 

Apple Handwashing Feature ကို ဘယ်လိုအသုံးပြုမလဲ 

ဒီလိုမျိုး Apple ရဲ့ Handwashing Feature ကို အသုံးပြုဖို့အတွက်ကတော့ watchOS 7 ကို အရင်ဆုံး Upgrade ပြုလုပ်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ ပြီးရင် Apple Watch မှာရှိတဲ့ Settings ကို ဝင်ရောက်ပြီး Handwashing ထဲကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ 

ဝင်ရောက်ပြီးပြီဆိုရင် Handwashing Timer ကို အဓိက Enable ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ အောက်ဖက်မှာရှိတဲ့ Handwashing Reminders ကိုပါ Enable ပြုလုပ်ထားမယ်ဆိုရင်တော့ လက်ကို အချိန်တစ်ခုအထိ မဆေးဖြစ်ဘူးဆိုရင် လက်ဆေးဖို့ အသိပေးသွားမှာဖြစ်ပါတယ်။ 

တကယ်လို့ Apple Watch ကနေ မပြုလုပ်ချင်ဘူးဆိုရင်လည်း Apple Watch နဲ့ ချိတ်ဆက်ထားတဲ့ iPhone မှာ Watch App > My Watch Tab ကနေ တစ်ဆင့် Handwashing ကို နှိပ်ပြီးလည်း Enable ပြုလုပ်ထားနိုင်ပါတယ်။ ဖုန်းကနေ ပြုလုပ်တယ်ဆိုရင် ဖုန်းမှာပါ Notification ရရှိဖို့အတွက် “Allow Notifications” သို့မဟုတ် “Send to Notification Center” ဆိုပြီး သတ်မှတ်ထားနိုင်ပါသေးတယ်။ 

ဒီလိုမျိုး Handwashing Feature ကို Enable ပြုလုပ်ပြီးဆိုရင်တော့ လက်ကို ဘေစင်မှာဆေးကြောလိုက်တာနဲ့ အချိန်မှတ်ပေးသွားမှာဖြစ်ပါတယ်။ အချိန်စက္ကန့် ၂၀ Countdown ပြုလုပ်ပေးသွားမှာဖြစ်ပြီး အဲ့ဒီအချိန်ပြည့်တဲ့အထိ ရေကိုဖွင့်ထားပြီး ဆေးကြောဖို့လိုအပ်မှာဖြစ်ပါတယ်။ အချိန် စက္ကန့် ၂၀ ပြည့်သွားပြီဆိုရင် “Well Done” သို့မဟုတ် “Thumb Up” Emoji နဲ့ ဖော်ပြပေးသွားမှာဖြစ်ပြီး အချိန်စက္ကန့် ၂၀ မပြည့်ဘဲ ရပ်လိုက်တယ်ဆိုရင် Watch မှာ Notification တပ်လာမှာပါ။ 

Apple Handwashing Feature က ဘယ်လိုအလုပ်လုပ်သလဲ 

Apple Watch ဟာ လက်ဆေးတဲ့အချိန်မှာ လက်ရဲ့ လှုပ်ရှားမှုအပြင် ရေကျသံနဲ့ တခြား Ambient Sound တွေကိုပါ ရယူပြီး အလိုအလျောက် စက္ကန့်ရေတွက်ပေးတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် တကယ်လို့ လက်ကို ဆပ်ပြာနဲ့ပဲ ပွတ်တိုက်ဆေးကြောတာမျိုး၊ Hand Sanitizer ကိုအသုံးပြုတာမျိုးဆိုရင်တော့ အလုပ်လုပ်မှာမဟုတ်ပါဘူး။ 

အဲ့ဒီအတွက် အကောင်းဆုံးကတော့ လက်ကို ဘေစင်မှာ ဆေးကြောတဲ့အချိန်မှာ စက္ကန့် ၂၀ လုံးကို ရေဘုံဘိုင်ဖွင့်ထားပြီး သေချာစနစ်တကျ ဆပ်ပြာနဲ့ ဆေးကြောမှသာ Handwashing Feature က သေချာအလုပ်လုပ်မှာဖြစ်ပါတယ်။ 

ဒီလိုမျိုး လက်ဆေးတဲ့အကြိမ်အရေအတွက်ကိုလည်း လက်ဆေးကြောပြီးတိုင်း Apple Watch ကနေ iPhone ရဲ့ Health App ကို Data ပေးပို့သွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် တစ်နေ့ကို ဘယ်လောက်လက်ဆေးတယ်ကအစ Data အပြည့်အစုံကို Health App ထဲမှာရှိတဲ့ Other Data Section မှာ ဝင်ရောက်ကြည့်ရှုနိုင်ဦးမှာပါ။ 

အခုပြောသွားတာကတော့ Apple Watch ကို ဝတ်ဆင်နေထားတယ်ဆိုရင် ကျိန်းသေအသုံးပြုသင့်တဲ့ Handwashing Feature အကြောင်းပဲဖြစ်ပါတယ်။ တကယ်လို့ Apple Watch အပါအဝင် တခြားသော Apple Product တွေကို စိတ်ချလက်ချဝယ်ယူချင်တယ်ဆိုရင် နီးစပ်ရာ iSure ဆိုင် သို့မဟုတ် iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Free Delivery ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Next article အခုအချိန်မှာ ကိုယ့်ဖုန်းကို ရောဂါပိုးတွေမကပ်နေအောင် ဘယ်လိုအသုံးပြုကြမလဲ