Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
အိမ်မှာနေရင်း အမိုက်ဆုံး Work From Home Setup ကို ဘယ်လိုဆင်ကြမလဲ 

အိမ်မှာနေရင်း အမိုက်ဆုံး Work From Home Setup ကို ဘယ်လိုဆင်ကြမလဲ 

အခုလိုမျိုးအချိန်မှာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ကအရေးအကြီးဆုံးဖြစ်ပါတယ်။ အဲ့ဒါကြောင့် လုပ်ငန်းခွင်ကို သွားရောက်ပြီး အလုပ်လုပ်ကိုင်နေတာထက် အိမ်မှာပဲ Work From Home ပြုလုပ်တာက ပိုအဆင်ပြေစေမှာပါ။ 

အခု Article မှာတော့ ဒီလိုမျိုး Work From Home ပြုလုပ်နေရတဲ့သူတွေအတွက် ရုံးက ကိုယ့်အလုပ်ခွင်ထက်တောင် ပိုကောင်းတဲ့ Setup တစ်ခုကို ဘယ်လိုမျိုး ပြုလုပ်နိုင်မလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Ergonomic ကျကျနဲ့ ကျန်းမာရေးကို မထိခိုက်ဘဲ အလုပ်လုပ်ချင်တယ်ဆိုရင် ဖတ်ကြည့်သင့်ပါတယ်။ 

Laptop

အိမ်မှာ အလုပ်လုပ်ဖို့အတွက်က စားပွဲမှာ Desktop PC ဒါမှမဟုတ် iMac လိုမျိုး ကွန်ပျုတာတစ်ခုကို အထိုင်ချထားနိုင်ပါတယ်။ ဒါပေမယ့် အိမ်မှာ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် နေရာတိုင်းကို ပေါ့ပေါ့ပါးပါး သယ်သွားလို့ရတဲ့ Laptop တစ်လုံးက ပိုပြီးအဆင်ပြေစေမှာကတော့ အမှန်ပါပဲ။ 

ဒီလိုမျိုး Laptop ကောင်းကောင်းတစ်လုံးကို ရွေးချယ်တော့မယ်ဆိုရင် Apple က ထုတ်လုပ်ထားတဲ့ M1 MacBook Air နဲ့ M1 MacBook Pro 13 တွေကို ဦးစားပေးစဥ်းစားသင့်ပါတယ်။ Apple MacBook တွေဖြစ်တဲ့အတွက် ရေရှည်အသုံးခံမှုမှာ စိုးရိမ်စရာမလိုအပ်သလို M1 Chip ကလည်း Performance ပိုင်းမှာ အကောင်းဆုံးဖြစ်စေဦးမှာပါ။ Apple MacBook တွေထဲမှာ Battery အခံဆုံးအမျိုးအစားတွေဖြစ်တာကြောင့် တစ်နေကုန် အားသွင်းကြိုးမတပ်ဘဲနဲ့လည်း အေးဆေးအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ 

Laptop Stand 

စားပွဲမှာ Laptop ကို ဒီအတိုင်းတင်ပြီး အလုပ်လုပ်တာက အဆင်ပြေတယ်ဆိုပေမယ့် Display ကို အောက်ငုံပြီး ကြည့်နေရတာဖြစ်တဲ့အတွက် ရေရှည်မှာ မျက်လုံးနဲ့ ဇက်ကြောကို ထိခိုက်စေပါတယ်။ အဲ့ဒါကြောင့် Laptop ကို စားပွဲပေါ်မှာ တင်ပြီး အလုပ်လုပ်ဖို့ စိတ်ကူးနေပြီဆိုရင် Display ကို ကိုယ့်ရဲ့ Eye Level အထိ မြှင့်ပေးနိုင်တဲ့ Laptop Stand တစ်ခုက ရှိထားဖို့ လိုအပ်လာပါတယ်။ 

iSure မှာဆိုရင်လည်း Angle မျိုးစုံချိန်ညှိနိုင်ပြီး အရည်အသွေးကောင်းသလို စျေးနှုန်းမမြင့်မားတဲ့ Laptop Stand တွေရှိတာကြောင့် ကိုယ့်စိတ်ကြိုက် Laptop Stand ကို ရွေးချယ်နိုင်မှာပါ။ 

External Keyboard & Mouse 

ဒီလိုမျိုး Laptop Stand နဲ့ အသုံးပြုနေပြီဆိုရင် Laptop ရဲ့ Original Keyboard နဲ့ Mouse အစား External အနေနဲ့ အသုံးပြုတာကလည်း ရေရှည်အသုံးပြုတဲ့အချိန်မှာ ပိုပြီး သက်တောင့်သက်သာရှိစေမှာဖြစ်ပါတယ်။ ဒီနေရာမှာတော့ Apple Original Magic Keyboard နဲ့ Magic Mouse 2 ကို အသုံးပြုချင်တယ်ဆိုရင်လည်း iSure မှာ ဝယ်ယူနိုင်သလို Third-party အနေနဲ့ အသုံးပြုချင်တယ်ဆိုရင်လည်း Wireless လည်းဖြစ် MacOS Gesture တွေ၊ Shortcut တွေကိုပါ Support ပေးနိုင်တဲ့ Logitech Bluetooth Keyboard နဲ့ Wireless Mouse တွေကို ဝယ်ယူနိုင်မှာပါ။ 

External Monitor 

တကယ်လို့ ဒီလိုမျိုး Laptop ကို External Keyboard ၊ Mouse တွေနဲ့ အသုံးပြုနေပြီဆိုရင် ထပ်ပြီးရှိထားသင့်တာကတော့ External Monitor တစ်လုံးပဲဖြစ်ပါတယ်။ ဒီလိုမျိုး Screen Size ပိုကြီးမားတဲ့ Monitor မှာ အလုပ်လုပ်ရတာက ရေရှည်မှာ မျက်လုံးကို အာရုံစိုက်ရတာကို သိသိသာသာသက်သာစေမှာပဲဖြစ်ပါတယ်။ နောက်ထပ်လည်း Laptop ရဲ့ Display နဲ့အပြိုင်အသုံးပြုနိုင်တာကြောင့် Multitasking ပြုလုပ်ဖို့အတွက်ပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေတုန်း တစ်ဖက်မှာ သီချင်းနားထောင်တာပဲဖြစ်ဖြစ် ပြုလုပ်နေဖို့အတွက် အသုံးဝင်စေမှာပါ။ 

USB Docks/Dongle 

ဒီလိုမျိုး External Monitor ကို ချိတ်ဆက်အသုံးပြုမယ်ဆိုရင် အထူးသဖြင့် MacBook အသုံးပြုသူတွေ ကျိန်းသေရှိထားသင့်တာကတော့ USB Dock နဲ့ USB Dongle တွေပဲဖြစ်ပါတယ်။ HDMI ၊ USB A ၊ USB C နဲ့ SD Slot တွေအတွက် အသုံးပြုနိုင်သလို LAN Ethernet ကိုပါ Support ပြုလုပ်နိုင်မှာဖြစ်တာကြောင့် ကိုယ်အသုံးလိုတဲ့ပေါ်မှုတည်ပြီး USB Dock တစ်ခုကတော့ ကျိန်းသေဆောင်ထားသင့်ပါတယ်။ တကယ်လို့ USB Port တွေကိုပဲ ထပ်ပြီး လိုချင်တယ်ဆိုရင်လည်း USB Hub သီးသန့်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

Wireless Charging Stand 

နောက်ဆုံးအနေနဲ့ကတော့ အခုလိုမျိုး Work From Home Setup တစ်ခုမှာ အနှောင့်အယှက်မရှိဘဲ အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် စားပွဲမှာ Wireless Charging Stand တစ်ခုရှိထားသင့်ပါတယ်။ ဒီလိုမျိုး Wireless Charging Stand မှာ ကိုယ့်စမတ်ဖုန်းကို တင်ထားတာက တကယ်လို့ အရေးမကြီးတဲ့ Notification တွေ၊ Message တွေဝင်ရောက်နေတယ်ဆိုရင် ဖုန်းကို ကောက်ကိုင်စရာမလိုဘဲ သိရှိနိုင်တာက အားသာချက်တစ်ခုဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ ဖုန်းကနေ Video Call ပြောဆိုဖို့ လိုအပ်တယ်ဆိုရင်လည်း သီးသန့် Stand ဝယ်ထားစရာမလို၊ အလုပ်လုပ်နေတုန်းမှာပဲ ပြောဆိုနိုင်မှာပါ။ နောက်ဆုံးအားသာချက်ကတော့ ကိုယ့်စမတ်ဖုန်းကို အမြဲတမ်းအားသွင်းပေးထားမှာဖြစ်တာကြောင့် အသုံးလိုတဲ့အချိန်မှာ အမြဲတမ်း Battery အားအပြည့်ဖြစ်နေစေမှာ ဖြစ်ပါတယ်။

တကယ်လို့ ဖုန်းအတွက်ပဲ Wireless Charging Stand ကို မဝယ်ယူချင်ဘူးဆိုရင်လည်း ကိုယ့်စားပွဲဘေးနားမှာ Device အများအပြားကို တချိန်တည်းအားသွင်းပေးနိုင်တဲ့ Multi-Device Wireless Charging Pad တစ်ခုကို ဆောင်ထားသင့်ပါတယ်။ ဒါကတော့ အထူးသဖြင့် iPhone အပြင် AirPods ၊ Apple Watch တွေကိုပါ တစ်နေရာထဲမှာ အားသွင်းချင်တဲ့သူတွေအတွက် အထူးသင့်လျော်မှာဖြစ်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် အိမ်မှာ Work From Home ပြုလုပ်တဲ့နေရာမှာလည်း ကိုယ့်ကျန်းမာရေးအတွက် Posture မှန်ကန်စွာ အလုပ်လုပ်ဖို့ကလည်း အရေးကြီးပါတယ်။ အစောပိုင်းက ပြောခဲ့သလိုမျိုးပဲ Display က ကိုယ့်ရဲ့ Eye Level မှာရှိနေသင့်သလို စာရိုက်တဲ့အချိန်မှာလည်း အဆင်ပြေစေဖို့အတွက် ကိုယ့်လက်ကောက်ဝတ်ဟာ စားပွဲနဲ့ တစ်တန်းတည်းရှိနေသင့်ပါတယ်။ ထိုင်ခုံကလည်း အရေးကြီးတဲ့နေရာမှာပါဝင်ပြီးတော့ ခါးကို မထိခိုက်စေတဲ့ အနိမ့်အမြင့်ပြုလုပ်နိုင်တဲ့ ထိုင်ခုံမျိုးက ပိုပြီး ကျန်းမာရေးကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ 

နောက်ဆုံးကတော့ ကိုယ့်သန့်ရှင်းရေးကိုလည်း အမြဲတမ်းအာရုံစိုက်နေသင့်ပြီး အပြင်ကပြန်လာပြီး Keyboard နဲ့ Mouse ကို မကိုင်ခင် လက်ကို Hand Santizer နဲ့လည်း အမြဲတမ်းဆေးကြောဖို့လိုအပ်မှာပါ။ ဘာပဲဖြစ်ဖြစ် အခု Article ကနေ အိမ်မှာ အကောင်းဆုံး Work From Home Setup တစ်ခုကို ဘယ်လိုမျိုး ပြုလုပ်နိုင်မလဲဆိုတာအတွက် အကြံဥာဏ်ရရှိစေမယ်လို့ မျှော်လင့်မိပါတယ်။

Previous article သင့် iPhone ကို Fast Charge နဲ့ ဘယ်လိုအားသွင်းကြမလဲ 
Next article iPhone Calendar မှာ Spam Notification တွေကို ဖယ်ရှားနည်း