Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Instock မရှိနေတဲ့ ပစ္စည်းတွေကို Email Me When Available နဲ့ မှာယူကြမယ်

Instock မရှိနေတဲ့ ပစ္စည်းတွေကို Email Me When Available နဲ့ မှာယူကြမယ်

Apple Product တွေကို ဝယ်ယူချင်တာပဲဖြစ်ဖြစ်၊ တခြား Apple Accessories တွေ၊ Third-party Accessories တွေကို ဝယ်ယူချင်တယ်ဆိုရင် iSure Website လေးက အဆင်အပြေဆုံးဖြစ်မှာပါ။ စျေးနှုန်းတွေကိုလည်း အမြဲတမ်း Update ဖြစ်အောင် ပြုလုပ်ပေးထားသလို မြန်မာတစ်နိုင်ငံလုံးကိုပါ Delivery နဲ့ ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ 

အခုအချိန်မှာ လူအများအတွက် အခက်အခဲဖြစ်နေတဲ့ ငွေပေးချေမှုအတွက်လည်း iSure ကနေ Cash on Delivery အပြင် ငွေကျပ် (၁၀) သိန်းအထိ Mobile Banking နဲ့ ပေးချေနိုင်အောင် ဆောင်ရွက်ထားသလို VISA ၊ Mastercard တွေနဲ့ပါ Full Payment ပေးချေနိုင်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် iSure Website မှာ စျေးဝယ်ရတာ တခြား Website တွေထက်ပိုပြီး အဆင်ပြေစေမှာဖြစ်ပါတယ်။ 

အခုလည်း iSure ကနေ Website ကို အသုံးပြုပြီး စျေးဝယ်ချင်တဲ့သူတွေအတွက် အသုံးဝင်မယ့် Feature လေးတစ်ခုကို ထပ်မံထည့်သွင်းပေးထားပါတယ်။ ဒါကတော့ ကိုယ်လိုချင်တဲ့ ပစ္စည်းက Instock မရှိနေဘူးဆိုရင် အဆင်ပြေအောင် ဆောင်ရွက်ပေးမယ့် Email Me When Available Feature လေးပဲဖြစ်ပါတယ်။ 

ဒီလိုမျိုး Email Me When Available Feature ကို အသုံးပြုဖို့ကတော့ iSure Website မှာ ကိုယ်လိုချင်တဲ့ပစ္စည်းက Instock မရှိနေဘူးဆိုတာနဲ့ မြင်ရမှာဖြစ်ပါတယ်။ 

အဆိုပါ Email Me When Available Button လေးကို နှိပ်လိုက်ပြီး ကိုယ်ဝယ်ယူချင်တဲ့ ပစ္စည်းရဲ့ Specs နဲ့ အရောင်မှန်မမှန်ကို စစ်ဆေးပြီး ပေါ်လာတဲ့ Box လေးမှာ ကိုယ့်ရဲ့ email သို့မဟုတ် Gmail ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Subscribe ကို နှိပ်လိုက်ရုံပါပဲ။ 

Subscribe ကို နှိပ်ထားပြီးပြီဆိုရင်တော့ တကယ်လို့ ကိုယ်လိုချင်တဲ့ပစ္စည်းက ပြန်ပြီး Stock ဝင်ရောက်လာတာနဲ့ Email ပေးပို့သွားပေးမှာဖြစ်ပါတယ်။ အဆိုပါ Email ကို နှိပ်လိုက်တာနဲ့ ချက်ချင်းဝယ်ယူနိုင်မှာဖြစ်တဲ့အတွက် ပစ္စည်းကုန်သွားမှာကိုလည်း စိတ်ပူဖို့ မလိုအပ်တော့ပါဘူး။ 

နောက်ပိုင်းမှာလည်း iSure Website ကို အကောင်းဆုံးအသုံးချနိုင်မယ့် Feature လေးတွေကို ဖော်ပြပေးသွားပါမယ်။ 

Previous article iSure Website မှာ Visa ၊ Mastercard အသုံးပြုပြီး ဘယ်လိုမျိုးဝယ်ယူကြမလဲ 
Next article “This accessory may not be supported” ပေါ်နေတာကိုဘယ်လိုဖြေရှင်းကြမလဲ