Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Mac Storage ကိုဘယ်လိုမျိုး စနစ်တကျရှင်းရမလဲ

Mac Storage ကိုဘယ်လိုမျိုး စနစ်တကျရှင်းရမလဲ

တစ်ခါတလေ ကိုယ်သုံးနေတဲ့ Mac ကသူ့ရဲ့လုပ်ငန်းဆောင်တာတွေကို မြန်မြန်ဆန်ဆန်မလုပ်နိုင်တော့ဘူးဆိုတာ Storage ထဲမှာ မလိုအပ်တဲ့ File တွေ အရမ်းများနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ မစိုးရိမ်ပါနဲ့ ဆိုင်ပြစရာလည်းမလို၊ သူများကိုလိုက်မေးဖို့မလိုအောင် ဘယ်လိုရှင်းလင်းရေးလုပ်လို့ရမလဲဆိုတာကို ယခု Article မှာ ပြောပြပေးသွားပါမယ်။ 

ကိုယ့် Mac Storage ကိုနေရာလွတ်ပိုရအောင် မလိုတဲ့ Files တွေကိုရှင်းထုတ်ပြီး Optimize လုပ်တဲ့နေရာမှာ နည်းလမ်းအများအပြားရှိပါတယ်။ အရင်ဆုံး ကိုယ့် Storage မှာ ဘယ်လို File အမျိုးအစားတွေက နေရာယူလွန်းလည်းသိချင်ရင်တော့ Apple Menu > About this Mac > Storage > Manage မှတဆင့် Category အလိုက် Storage Space ကိုကြည့်ရှုနိုင်ပါတယ်။

ရှင်းလင်းရေးလုပ်မယ်ဆိုရင် Recommendation ကိုကြည့်ပြီးတော့လည်း မိမိ Mac ရဲ့ Storage ကို မိမိ ကိုယ်တိုင် Manually Optimize ပြုလုပ်နိုင်မှာဖြစ်သလို Delete လုပ်ချင်တဲ့ File တွေကို Select လုပ်ပြီးတော့လည်း Right - Click ကနေတဆင့် Delete လုပ်နိုင်သလို Show in Finder နှိပ်ပြီးလည်း Detail about File ကို ကြည့်နိုင်ပါတယ်။

နောက်ပြီး ကိုယ့် Mac ထဲက Files, Photos, Videos တွေနဲ့အခြား Mail Attachment Files တွေကို Mac Storage ထဲမှာထားတာထက် iCloud Storage ပေါ်မှာသိမ်းဆည်းထားပြီး လိုအပ်တဲ့အချိန်မှပြန်လည် Download ရယူတာက Storage ကိုနေရာလွတ်ပိုရစေမှာပါ။

Storage ထဲက “Other” ဆိုတာကရော ဘာတွေလဲ

ခုနကလို Mac Storage ကိုစစ်ကြည့်ကြတဲ့အခါ Other ဆိုတဲ့ File လေးတွေကိုတွေ့ဖူးကြမှာပါ။ အဲ့ဒီ Mac ထဲမှာရှိတဲ့ Other Storage ဆိုတာ အသုံးမလိုတဲ့ File တွေလည်းပါဝင်သလို၊ အသုံးလိုတဲ့ File တွေလည်းပါဝင်နေတတ်ပါတယ်။ 

အဲ့ဒီ Other ထဲမှာပါတဲ့ File Type တွေကတော့ 

  • PDF , .psd , .doc ဆိုတဲ့ Document File တွေ
  • macOS system File နဲ့ temporary File တွေ
  • User Cache, Browser Cache နဲ့ System Cache လိုမျိုး Cache File တွေ
  • Disk image File တွေ
  • .zip, .dmg လို Installer File တွေ
  • Plugins နဲ့ Extensions တွေ
  • MacOS ရဲ့ Main Categories နဲ့ Fit မဖြစ်တဲ့ files တွေ၊ Backup File တွေပါဝင်မှာဖြစ်ပါတယ်။

Other ထဲမှာရှိနေတဲ့ Files တွေ အကုန်လုံးကလိုအပ်နေတာမျိုးမဟုတ်တော့ စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် အသုံးမဝင်တဲ့ Cache File လိုမျိုး မလိုအပ်တဲ့ File တွေကို ဖျက်ချင်ရင်တော့ Finder > Go > Go to folder ကနေ ~/Library/Caches ကို paste လုပ်ပြီး enter ခေါက်လိုက်ရုံနဲ့ ကျလာတဲ့ Cache File တွေကို Move To Trash လုပ် ပြီးရင် Empty Trash လုပ်ပြီး ဖျက်ပစ်လို့ရပါတယ်။ နောက်တနည်းအနေနဲ့ Apple Logo > About This Mac > Storage > Manage ကနေတဆင့်လည်း မလိုချင်တဲ့ File တွေကို Right - Click > Delete/ Show in Finder ထဲကနေကြည့်ပြီးတော့လည်း ဖျက်နိုင်မှာဖြစ်ပါတယ်။ 

အကယ်၍ ဒီအဆင့်တွေမှာအခက်အခဲတစုံတရာရှိနေတာ၊ ဒါမှမဟုတ် စက်ကလေးလံနေလို့ ပြုပြင်စစ်ဆေးခြင်းများဆောင်ရွက်လိုတယ်ဆိုရင်တော့ မနက် (၉)နာရီမှ ည (၈)နာရီအထိ iSure ရဲ့ Page Chatbox နှင့် Hotline Number (09 773 000 099/ 09 969 911 666) များကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Previous article Apple ရဲ့ Lossless Hi-Res Music ကို ဘယ်လိုနားထောင်မလဲ