Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
iPhone ကို TV နဲ့ချိတ်ဆက်ပြီး ဘယ်လိုအသုံးပြုကြမလဲ

iPhone ကို TV နဲ့ချိတ်ဆက်ပြီး ဘယ်လိုအသုံးပြုကြမလဲ

Screen Mirroring ဆိုတာနဲ့ လူတော်တော်များများထင်မိကြတာက Laptop ကနေ Projector/ TV Screen စတဲ့အရာတွေကိုချိတ်ဆက်နိုင်တယ်ထင်ကြပါလိမ့်မယ်။ တကယ်တန်းမှာဖုန်းတွေနဲ့လည်းချိတ်ဆက်ပြီး Screen Mirroring လုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ ဥပမာ - အလုပ် Meeting လုပ်တဲ့အခါ Laptop/ MacBook မပါလာတဲ့အချိန်မျိုးတွေ၊ ဖုန်းထဲက ရုပ်ရှင်ကို TV Screen ပေါ်တင်ပြီးကြည့်ရှုတာမျိုးတွေအတွက်လည်း အသုံးဝင်စေပါလိမ့်မယ်။

ဒါကြောင့် ဒီတခေါက်မှာတော့ ကိုယ့်မှာရှိတဲ့ iPhone နဲ့ TV Screen ကိုချိတ်ဆက်ပြီး ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ နည်းလမ်းလေးကိုပြောပြပေးသွားမှာပါ။ ပထမဆုံးအနေနဲ့ iPhone တွေကို TV နဲ့ချိတ်ဆက်ရာမှာ နည်းလမ်း (၂) မျိုးရှိပါတယ်။ ပထမတနည်းကတော့ Original Adapter ကနေတဆင့်ချိတ်ဆက်ခြင်းဖြစ်ပြီး၊ ဒုတိယတနည်းကတော့ Apple TV ဖြင့်ချိတ်ဆက်ခြင်းဖြစ်ပါတယ်။

အရင်ဆုံး Original Adapter တွေနဲ့ချိတ်ဆက်နည်းကိုပြောပြပါမယ်။ Original Adapter တွေနဲ့ချိတ်ဆက်မယ်ဆိုရင်တော့ လိုအပ်တဲ့ပစ္စည်းတွေကတော့ Apple ရဲ့ Lightning Digital AV Adapter တခုရယ်၊ HDMI Cable တချောင်းရယ်လိုအပ်မှာဖြစ်ပါတယ်။

အသုံးပြုပုံကတော့ ရိုးရှင်းပါတယ်။ iPhone ကို Lightning Digital AV Adapter နဲ့ချိတ်မယ်။ ပြီးရင် HDMI ကို Adapter နဲ့ချိတ်ဆက်လိုက်မယ်။ HDMI ရဲ့တခြား အစွန်းတဖက်ကိုတော့ TV နဲ့ချိတ်ဆက်လိုက်မယ်။ နောက်ဆုံးအနေနဲ့ကတော့ TV Input Setting ထဲဝင်ပြီး HDMI နဲ့ချိတ်ဆက်ထားတဲ့ Channel ကိုပြောင်းလိုက်ရင် ကိုယ့် iPhone Screen တွေမှာပေါ်နေတဲ့အရာတွေကို TV ဖန်သားပြင်ပေါ်မှာမြင်ရပြီဖြစ်ပါတယ်။ Lightning Digital AV Adapter မှာ Port (၂) ခုပါဝင်တာကြောင့် TV ချိတ်ဆက်ထားပြီး ကိုယ့် iPhone ကိုအားထပ်သွင်းချင်ရင်တောင် သွင်းနိုင်ပါသေးတယ်။ 

နောက်ထပ်နည်းလမ်းတခုကတော့ ကိုယ့်မှာ Adapter တွေဘာတွေမရှိဘူး၊ ဒါပေမယ့် Apple TV တော့ရှိတယ်ဆိုသူတွေအတွက် အသင့်တော်ဆုံးနည်းလမ်းတခုဖြစ်ပါတယ်။ Apple TV တွေဟာ Wireless Airplay Protocol ကိုအသုံးပြုထားတဲ့အတွက် iPhone, iPad တွေကနေ TV ကို Screen Mirroring လုပ်ချင်တဲ့အခါမှာ တော်တော်လေးအသုံးဝင်ပါတယ်

ဒါဆို Apple TV ကိုအသုံးပြုပြီး iPhone ကနေ TV ကိုဘယ်လိုချိတ်ဆက်မလဲ...

  • ပထမဆုံးအနေနဲ့ Apple TV ရော၊ ကိုယ့်ချိတ်ဆက်ချင်တဲ့ Apple Devices ဟာ Wi-Fi Network တခုတည်းမှာချိတ်ဆက်ထားတာသေချာဖို့လိုပါတယ်။
  • အကယ်၍ ကိုယ်ကိုင်ထားတာ iPhone X နဲ့ နောက်ပိုင်းထွက် iPhone Model ဆိုရင် ညာဘက်ထောင့်ကိုဆွဲချလိုက်တာနဲ့ Control Center လေးကျလာပါလိမ့်မယ်။
  • အဲ့ဒီအခါ Screen Mirroring ဆိုတာလေးကိုနှိပ်လိုက်ပါ။
  • ပြီးရင်တော့ ကိုယ့် Apple TV သေချာရွေးဖို့ပါတယ်။
  • နောက်ဆုံးတဆင့်ကတော့ TV Screen မှာပေါ်လာတဲ့ Digit Code (၄) လုံးကို ကိုယ့် iPhone မှာရိုက်ထည့်ပေးလိုက်ရင်ရပြီဖြစ်ပါတယ်။ 

အကယ်၍ Mirroring လုပ်တာရပ်ချင်တယ်ဆိုရင်တော့ Control Center ရဲ့ Screen Mirroring မှာ "Stop Mirroring" လုပ်လိုက်ရင်သူ့အလိုလိုရပ်သွားမှာပဲဖြစ်ပါတယ်။ 

 

ဒါကတော့ ကိုယ့်ရဲ့ iPhone ကို အသုံးပြုပြီး TV နဲ့ ချိတ်ဆက်အသုံးပြုတဲ့နည်းလမ်းအချို့ကို ဖော်ပြထားတာဖြစ်ပါတယ်။ ချိတ်ဆက်ဖို့လိုအပ်တဲ့ Adapter နဲ့ Apple TV တွေကို လိုအပ်တယ်ဆိုရင်လည်း iSure Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူလိုက်တာနဲ့ အိမ်အရောက် Free Delivery ရရှိမှာဖြစ်ပြီး နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

 

Previous article MacBook တွေမှာ အဖြစ်များတဲ့ Battery ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ
Next article Apple ရဲ့ Lossless Hi-Res Music ကို ဘယ်လိုနားထောင်မလဲ