Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
“This accessory may not be supported” ပေါ်နေတာကိုဘယ်လိုဖြေရှင်းကြမလဲ

“This accessory may not be supported” ပေါ်နေတာကိုဘယ်လိုဖြေရှင်းကြမလဲ

Apple Device တွေရဲ့ အားသာချက်တစ်ခုကတော့ တချို့သော Brand တွေလိုမျိုးမဟုတ်ဘဲ Accessories တွေကို အများအပြား စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်တာပဲဖြစ်ပါတယ်။ စျေးသက်သာတဲ့ Brand တွေလည်းရှိသလို Quality ပိုင်းအရရော၊ Warranty ပိုင်းပါကောင်းမွန်ပြီး စျေးနှုန်းမြင့်မားတဲ့ Premium Brand တွေလည်း အများအပြားရှိပါတယ်။

ဒါပေမယ့် ဒီလိုမျိုး Third-party Accessories တွေဖြစ်တဲ့ အားသွင်းကြိုး၊ နားကြပ်စသဖြင့် Cable တွေတပ်လိုက်တဲ့အခါမှာ တစ်ခါတလေ“This accessory may not be supported” ဆိုတဲ့ Error Message က ပေါ်လာတတ်ပါတယ်။ 

အဲ့ဒီအတွက် အခု Article မှာတော့ ဒီလိုမျိုး "This accessory may not be supported" Error Message က ဘာကြောင့်ပေါ်ရတာလဲဆိုတာအပြင် ဘယ်လိုမျိုး ဖြေရှင်းရမလဲဆိုတာကို ဖော်ပြသွားမှာဖြစ်ပါတယ်။ 

အရင်ဆုံး အခုလိုမျိုးဖြစ်တတ်တဲ့ အကြောင်းပြချက်တွေက အောက်ပါအချက်တွေထဲက တစ်ချက်ချက်နဲ့ ညှိနေတာကြောင့်ဖြစ်နိုင်ပါတယ်။ 

  • Accessory က ကိုယ့် iPhone ကို Support မလုပ်တာ
  • iPhone ပေါ်မှာ Software Error ဖြစ်နေတာ
  • Accessory က ညစ်ပတ်နေတာ၊ ထိခိုက်ထားတာ၊ ပျက်ဆီးနေတာ
  • iPhone ရဲ့ Lightning အပေါက်က ညစ်ပတ်နေတာ၊ ထိခိုက်ထားတာ၊ ပျက်ဆီးနေတာ တွေကြောင့်ဖြစ်တတ်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ကတော့ ပထမအချက်က ကိုယ်သုံးချင်တဲ့ Accessory က Made For iPhone/iPod/iPad (MFi) ကို Support ပြုလုပ်ရဲ့လားဆိုတာကို စစ်ဆေးဖို့ပါ။ အခုလိုမျိုး စစ်ဆေးဖို့ကတော့ ကိုယ်ဝယ်ယူတဲ့ဆိုင်ကို မေးမြန်းနိုင်သလို ယခု Website Link ကနေလည်း ကိုယ့် Accessories Brand ၊ Model ကို ရိုက်ရှာနိုင်ပါတယ်။ တချို့သော Accessories တွေဟာ Apple MFi Website မှာမရှိပေမယ့် Apple Product တွေနဲ့ အဆင်ပြေပြေအသုံးပြုနိုင်တာမျိုးလည်းရှိတတ်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် အကောင်းဆုံးကတော့ Quality ပြည့်မှီပြီးထောက်ခံချက်အပြည့်ရှိတဲ့ ပစ္စည်းတွေကိုဝယ်သုံးတာအကောင်းဆုံးပါပဲ။ ဒါတောင်မှ “This accessory may not be supported” ဆိုပြီးပြနေသေးတယ်ဆိုရင်တော့ အခုပြောပြသွားမယ့်နည်းလမ်းလေးတွေကို ကြိုးစားကြည့်သင့်ပါတယ်။ 

ပထမဆုံးလုပ်ကြည့်သင့်တာကတော့ Error Message ပြနေတယ်ဆိုရင်တော့ Accessory ကိုဖြုတ်လိုက်တပ်လိုက်လုပ်ပြီးစမ်းသပ်ကြည့်ဖို့ပါပဲ။ လုပ်ရင်းအဆင်ပြေသွားတယ်ဆိုရင်တော့ ဖုန်တွေဘာတွေကြောင့်နဲ့ Software Error ကြောင့်ဖြစ်နိုင်ပါတယ်။ Software Glitch တွေကြောင့်ဖြစ်တာဟုတ်မဟုတ် ပိုသေချာချင်တယ်ဆိုရင်တော့ ဖုန်းကို Restart ချကြည့်လိုက်ပါ။ Restart ချလိုက်တဲ့အခါ Software Glitch ဖြစ်တာတွေကိုပြန်လည်ပြုပြင်ပေးတာကြောင့် စမ်းကြည့်သင့်ပါတယ်။

ဒါမှမရသေးဘူးဆိုရင်တော့ ကိုယ့် Apple Device ရဲ့ Charging ၊ Earphone Port တွေကို သန့်ရှင်းရေးပြုလုပ်ပေးသင့်ပါတယ်။ ဒါက ဖြစ်ခဲပေမယ့် တစ်ခါတလေမှာ ဖုန်တွေဝင်ရောက်နေတတ်တာကြောင့် သန့်ရှင်းတဲ့အဝတ်စသေးသေးလေးနဲ့ပဲဖြစ်ဖြစ်၊ အမွှေးဖွာထွက်ခြင်းမရှိတဲ့ Cotton Bud ကိုအသုံးပြုပြီးပဲဖြစ်ဖြစ် သန့်ရှင်းရေးပြုလုပ်သင့်ပါတယ်။ အခုလိုမျိုး သန့်ရှင်းတဲ့နေရာမှာ သတိထားပြီးပြုလုပ်ဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ 

နောက်ဆုံးအထိ Error Message ပေါ်နေသေးတယ်ဆိုရင်တော့ အဆိုပါ Accessory ကို တခြားသော Apple Device မှာ ပြောင်းလဲအသုံးပြုကြည့်သင့်ပါတယ်။ တကယ်လို့ သင့် iPhone မှာပဲ Error တက်နေတာဆိုရင်တော့ နီးစပ်ရာ iSure ဆိုင်ကို လာရောက်ပြီး ပြသနိုင်သလို အိမ်အရောက်လာယူပေးပြီး Service ပြုလုပ်ပေးမယ့် iSure Repair Service ကို အသုံးပြုနိုင်ပါတယ်။ 

 

ဘာပဲဖြစ်ဖြစ် Apple Device တွေကို အသုံးပြုသူတွေအနေနဲ့ အခုလိုမျိုး Error တွေကို မကြုံချင်ဘူးဆိုရင်တော့ အရည်အသွေးကောင်းမွန်ပြီး စိတ်ချရတဲ့ Accessories တွေကိုပဲ အသုံးပြုပါလို့ တိုက်တွန်းချင်ပါတယ်။ 

Previous article Instock မရှိနေတဲ့ ပစ္စည်းတွေကို Email Me When Available နဲ့ မှာယူကြမယ်
Next article သင့် iPhone ကို Fast Charge နဲ့ ဘယ်လိုအားသွင်းကြမလဲ