Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။

iSure Website မှာ Visa ၊ Mastercard အသုံးပြုပြီး ဘယ်လိုမျိုးဝယ်ယူကြမလဲ 

Apple Device တွေပဲဖြစ်ဖြစ် တခြားသောဆက်စပ်ပစ္စည်းတွေကို ဝယ်ယူမယ်ဆိုရင် iSure Website မှာ ဝယ်ယူရရှိနိုင်တာကတော့ လူတိုင်းသိပြီးဖြစ်မှာပါ။​ အခုဆိုရင် ကိုယ်ဝယ်ယူတဲ့ပစ္စည်းကို မြန်မာတစ်နိုင်ငံလုံးအတွက် အိမ်အရောက်ပို့ပေးနိုင်ပြီဖြစ်သလို ရန်ကုန်နဲ့ မန္တလေးမှာ နေထိုင်တဲ့သူတွေဆိုရင်လည်း ကိုယ်နဲ့ နီးစပ်ရာဆိုင်မှာ လာရောက်ပြီး Pickup ရယူနိုင်တာကြောင့် အခုလိုမျိုး အခြေအနေမှာ ပိုပြီးအဆင်ပြေစေမှာပါ။​

ဒါပေမယ့် iSure မှာ ဝယ်ယူတဲ့သူတွေအတွက် ပိုပြီးအဆင်ပြေအောင် ပြုလုပ်ပေးထားတဲ့ အစီအစဥ်လေးတစ်ခုရှိပါသေးတယ်။ ဒါကတော့ ငွေပေးချေတဲ့အချိန်မှာ ရန်ကုန်နဲ့ မန္တလေးတွေအတွက် Cash on Delivery သို့မဟုတ် ငွေကျပ် ၁၀ သိန်းအထိ Mobile Banking ကနေ လက်ခံပေးတာအပြင် Visa ၊ Mastercard တွေနဲ့ပါ ပေးချေနိုင်တာပဲဖြစ်ပါတယ်။ 

အခုလိုမျိုး Visa ၊ Mastercard နဲ့ ပေးချေဖို့အတွက်လည်း ပုံမှန်အတိုင်းပဲ iSure Website ကို ဝင်ရောက်ပြီး ကိုယ့်ရဲ့ Address Information နဲ့ Shipping Option တွေကို ရွေးချယ်ပြီး Payment Option ထဲကို ဝင်ရောက်ရမှာဖြစ်ပါတယ်။​ Payment Option မှာတော့ Visa ၊ Mastercard Logo ပါဝင်တဲ့ Credit Card ကို​​ရွေးချယ်ပြီး ကိုယ့် Card Information ကို ထည့်သွင်းပေးရမှာပါ။ 

အခုလိုမျိုး Visa ၊ Mastercard နဲ့ ပေးချေတဲ့အချိန်မှာ တစ်ခုတော့ ကန့်သတ်ချက်ရှိနေပြီး ဒါကတော့ မြန်မာငွေ ၉၉၉,၉၉၉ ကျပ်အထိပဲ တိုက်ရိုက်ပေးချေနိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပုံမှန် ငွေကျပ် ၉၉၉,၉၉၉ ကျပ်အတွင်း ဝယ်ယူမှုတွေကို Visa ၊ Mastercard ကနေ တိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

တကယ်လို့ ငွေကျပ် ၁၀ သိန်းနဲ့အထက်ကို Visa ၊ Mastercard နဲ့ဝယ်ယူချင်တယ်ဆိုရင်လည်း iSure ကနေ အဆင်ပြေအောင် ပြုလုပ်ပေးသွားမှာပါ။ ဒါပေမယ့် အခုလိုမျိုး ဝယ်ယူဖို့အတွက် မဝယ်ယူခင်မှာ iSure ရဲ့ Customer Service ကို ဆက်သွယ်ပေးဖို့ လိုအပ်ပါတယ်။ အခုလိုမျိုး ဆက်သွယ်ဖို့အတွက်က Website မှာ ရှိတဲ့ Live Chat ကနေ ဆက်သွယ်နိုင်သလို Customer Care Hot Line - 09969911666 (9:00AM - 8:00PM) ကိုလည်း ဆက်သွယ်ပေးနိုင်ပါတယ်။

Next article Instock မရှိနေတဲ့ ပစ္စည်းတွေကို Email Me When Available နဲ့ မှာယူကြမယ်