Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
iPhone Calendar မှာ Spam Notification တွေကို ဖယ်ရှားနည်း

iPhone Calendar မှာ Spam Notification တွေကို ဖယ်ရှားနည်း

တစ်ခါတစ်လေ ကနေ အမြဲအလိုလိုတွေ့ရတတ်တဲ့ iPhone Calendar ထဲက Notification တွေဖြစ်တဲ့ မဲပေါက်တယ်၊ Discount ရမယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ Spam Notification တွေကို ကြုံဖူးတဲ့သူတွေရှိကြမှာပါ။ ဒီလိုမျိုး ဖြစ်တာက အသုံးပြုတဲ့အချိန်မှာ စိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းပါတယ်။

အဲ့ဒါကြောင့် ယခု Article မှာ အဲ့ဒီ Notification လေးတွေ ရပ်သွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြသွားမှာဖြစ်ပါတယ်။ 

မပြောခင်မှာ ဒီ Spam Notification လေးတွေက ဘာအတွက်လဲဆိုတာအရင်ရှင်းပြချင်ပါတယ်။ သူတို့ထဲမှာ တွေ့ရပါလိမ့်မယ်၊ iPhone မဲပေါက်တယ် Discount ဘယ်လောက်ရပါတယ် ဘာညာတွေဆိုပြီး မက်လုံးတွေပေးတတ်ကြပါတယ်။ ကံကောင်းတာက ဒါတွေဟာ Virus Link တွေမဟုတ်ပါဘူး၊ ကံဆိုးတာကတော့ အဲ့ဒါဟာ Bait (ငါးစာ) ဖြစ်နေတာပါပဲ။ ဒီ Noti/Link ထဲမှာ အများဆုံးတွေ့ရနိုင်တာတဲ့ခလုတ်တွေဖြစ်တဲ့ Yes/No/Maybe ဆိုတဲ့ခလုတ်တွေရှိပါတယ်။ ဖြစ်နိုင်ရင် ဘာမှမနှိပ်တာအကောင်းဆုံးပါပဲ။

အဲ့ဒီလိုမျိုး စိတ်ရှုပ်စရာကောင်းတဲ့ Junk Noti မျိုးကို ရပ်သွားအောင်ဘယ်လိုလုပ်ကြမလဲ။

  • Browser ဖွင့် iCloud.com ထဲမှာ Log in ဝင်လိုက်ပါ။
  • ပြီးရင် Calendar ကိုနှိပ်ပါ။
  • Junk Event ထဲကိုဝင်ပါ၊
  • Report Junk လုပ်ပေးလိုက်ပါ။

အဲ့လိုလုပ်ပေးလိုက်တဲ့အခါ ဒီ iCloud နဲ့ ချိတ်ဆက်ထားတဲ့ Devices တိုင်းက Junk Event တွေပါ အကုန်ပျက်သွားမှာဖြစ်ပါတယ်။

iOS Devices တွေဖြစ်တဲ့ (iPhone/iPad) တွေအတွက်

  • Setting ထဲသွားပါ
  • Passwords & Accounts ကိုနှိပ်ပါ။
  • Account Section အောက်ကိုကြည့်လိုက်ပါ ကိုယ်မရင်းနှီးတဲ့ Calendar Name ကိုတွေ့တယ်ဆိုရင် နှိပ်ပြီး Delete Account လုပ်လိုက်ပါ။

Mac အတွက်

  • Calendar App ကိုဖွင့်လိုက်ပါ။
  • Calendar List ထဲက Spam Calendar Name ကိုနှိပ်လိုက်ပါ။ (View > Show Calendar List နဲ့ရွေးလို့ရပါတယ်)
  • Edit > Delete ဒါမှမဟုတ် Control-Click (Right Click) နဲ့ Delete လုပ်နိုင်ပါတယ်။
  • iCloud အတွက်
  • iCloud.com သွားပြီး log in ဝင်ပါ။
  • Calendar ကိုနှိပ်လိုက်ပါ။
  • ပြီးရင်တော့ Edit ဆိုတာလေးကိုနှိပ်ပြီး ဖျက်ချင်တဲ့ Calendar ကို Remove လုပ်ပြီး Delete နှိပ်လိုက်ရင်ရပါပြီ။

ဒါကိုမျ Junk Noti တွေကခဏခဏ ထပ်ပေါ်နေမယ်ဆိုရင်တော့ Invitation Setting ကိုပြောင်းပေးနိုင်ပါတယ်။

  • icloud.com ကိုသွားပြီး log in ဝင်လိုက်ပါ။
  • Calendar ကိုနှိပ်ပါ။
  • စက်သွားပုံလေးကိုနှိပ်လိုက်ပါ။
  • ပြီးရင် Preferences ကိုနှိပ်ပါ။
  • Advanced Tab လေးကိုနှိပ်လိုက်ပါ။
  • ရပြီဆိုရင် Invitations Section ကိုရှာပြီး “In-App Notifications” အစား “Email to” ကိုပြောင်းလိုက်ပါ

ပြီးရင်တော့ Save ကိုနှိပ်လိုက်ရင်ရပါပြီ။

Previous article အိမ်မှာနေရင်း အမိုက်ဆုံး Work From Home Setup ကို ဘယ်လိုဆင်ကြမလဲ 
Next article မြန်မာ Podcast Channel တွေထဲက နားထောင်ကြည့်သင့်တဲ့ Channel အချို့