Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
သင့် iPhone ကို Fast Charge နဲ့ ဘယ်လိုအားသွင်းကြမလဲ 

သင့် iPhone ကို Fast Charge နဲ့ ဘယ်လိုအားသွင်းကြမလဲ 

Apple iPhone တွေကို အသုံးပြုနေတယ်ဆိုရင် ယခင်တုန်းက 5W Charger နဲ့ပဲ အချိန်အကြာကြီးပစ်ထားပြီး တစ်ညလုံးအားသွင်းနေစရာမလိုတော့ပါဘူး။ အခုဆိုရင် နာရီဝက်အားသွင်းရုံနဲ့ 0% ကနေ 50% အထိ အားသွင်းပေးနိုင်တဲ့ Fast Charge နည်းပညာကို iPhone အတော်များများ Support ပေးနေပြီဖြစ်သလို Fast Charge နဲ့အားသွင်းနိုင်မယ့် နည်းလမ်းတွေလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။ 

အဲ့ဒီအတွက် အခု Article မှာတော့ ဘယ် iPhone တွေက Fast Charge ကို Support ပြုလုပ်သလဲ၊ ဘယ်လိုမျိုး နည်းလမ်းနဲ့ Fast Charge ကိုအသုံးပြုပြီး အားသွင်းနိုင်မလဲဆိုတာနဲ့ တခြား iPhone Charging နဲ့ ပတ်သက်တဲ့အချက်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

အရင်ဆုံးအနေနဲ့ Fast Charge ကို ၂၀၁၇ ခုနှစ်မှာ ထွက်ရှိထားတဲ့ iPhone 8 နှင့်အထက် iPhone တွေအကုန်လုံးမှာ Support ပြုလုပ်မှာဖြစ်ပါတယ်။ အသေးစိတ်အနေနဲ့ အောက်ပါ iPhone တွေအားလုံး Fast Charge နဲ့ အားသွင်းနိုင်မှာဖြစ်ပါတယ်။ 

  • iPhone 8 
  • iPhone 8 Plus
  • iPhone X
  • iPhone XR
  • iPhone XS
  • iPhone XS Max
  • iPhone 11
  • iPhone 11 Pro 
  • iPhone 11 Pro Max
  • iPhone SE (2020) 
  • iPhone 12
  • iPhone 12 mini
  • iPhone 12 Pro 
  • iPhone 12 Pro Max

ဒီနေရာမှာ တစ်ခုရှိတာကတော့ iPhone 12 Series အရှေ့ပိုင်း iPhone တွေဟာ 18W Fast Charge ကို အမြင့်ဆုံး Support ပေးနိုင်မှာဖြစ်ပြီး iPhone 12 Series ဖုန်းတွေမှာတော့ အမြင့်ဆုံး 20W Fast Charge ကို Support ပေးထားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် iPhone 12 Series အသုံးပြုသူတွေအနေနဲ့ အမြန်ဆုံး Fast Charge နည်းပညာကို အသုံးပြုဖို့အတွက် 20W နှင့်အထက် Charger တွေကို အသုံးပြုရမှာဖြစ်ပါတယ်။ 

Fast Charge ကို အသုံးပြုပြီး အားသွင်းမယ်ဆိုရင်တော့ အဓိကအနေနဲ့ နည်းလမ်း ၂ မျိုးရှိပြီး Apple Original Product တွေကို အသုံးပြုတာနဲ့ Third-party Accessories တွေကို အသုံးပြုတာဖြစ်ပါတယ်။ အရင်ဆုံး Apple Original Product တွေကိုအသုံးပြုပြီး Fast Charge နဲ့အားသွင်းချင်တယ်ဆိုရင် ဘယ်လိုမျိုးအားသွင်းရမလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။ 

ပထမဆုံးအနေနဲ့ Apple ကနေထုတ်လုပ်ထားတဲ့ 18W သို့မဟုတ် 20W USB-C Power Adapter ရှိဖို့လိုအပ်မှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က MacBook ကို အသုံးပြုနေတယ်ဆိုရင်လည်း MacBook တွေမှာပါဝင်တဲ့ 29W ၊ 30W ၊ 61W ၊ 87W သို့မဟုတ် 96W USB-C Power Adapter တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး MacBook USB-C Power Adapter တွေကို အသုံးပြုပေမယ့်လည်း iPhone က ထောက်ပံ့ပေးနိုင်တဲ့ 18W သို့မဟုတ် 20W နဲ့ပဲ အားသွင်းမှာဖြစ်တာကြောင့် iPhone Battery ကို ထိခိုက်မှာကို စိတ်ပူစရာမလိုအပ်ပါဘူး။ 

ပြီးရင်တော့ Apple ကနေ ထုတ်လုပ်ထားတဲ့ USB-C to Lightning Cable ကို အသုံးပြုဖို့ လိုအပ်မှာဖြစ်ပါတယ်။ အခုနောက်ပိုင်း iPhone တွေမှာ အဆိုပါ Cable ပါဝင်ပြီးဖြစ်တာကြောင့် သီးသန့်ထပ်ဝယ်ဖို့ မလိုအပ်ပေမယ့် အစောပိုင်း iPhone တွေကို အသုံးပြုနေတယ်ဆိုရင်တော့ သီးသန့်ဝယ်ယူရမှာဖြစ်ပါတယ်။ iSure မှာဝယ်ယူမယ်ဆိုရင် ပုံမှန် 1 Meter အပြင် ကြိုးအရှည်ကို လိုချင်တဲ့သူတွေအတွက် 2 Meters Version ကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ 

 

ဒီလိုမျိုး Apple က ထုတ်လုပ်ထားတဲ့ 18W သို့မဟုတ် 20W အထက် USB-C Power Adapter နဲ့ Apple USB-C to Lightning Cable ရှိပြီဆိုရင်တော့ သင့် iPhone ကို Fast Charge ဖြင့်အားသွင်းနိုင်ပြီဖြစ်ပါတယ်။ 

နောက်ထပ်နည်းလမ်းဖြစ်တဲ့ Third-party Accessories တွေနဲ့ ဘယ်လိုမျိုး Fast Charge ကို အသုံးပြုပြီး အားသွင်းနိုင်မလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။ ဒီနေရာမှာတစ်ခုရှိတာကတော့ Third-party Accessories တွေကို ရွေးချယ်တဲ့နေရာမှာ အရည်အသွေးကောင်းပြီး MFi Certified ဖြစ်ဖို့နဲ့ Warranty ပိုင်း စိတ်ချရဖို့ကို ဦးစားပေးရွေးချယ်ရမှာဖြစ်ပါတယ်။ 

ဒီလိုမျိုး Apple Original အစား Third-party Accessories တွေကို ရွေးချယ်သင့်တဲ့အချက်တွေကတော့ Design ပိုင်းပိုလှပတာအပြင် အရွယ်အစားလည်း ပိုသေးငယ်တာ၊ များသောအားဖြင့် USB-C Port အပြင် နောက်ထပ် USB-C သို့မဟုတ် USB-A Port တွေပါဝင်တာကြောင့် Device အများအပြားကို တစ်ချိန်တည်းမှာ အားသွင်းပေးနိုင်တာအပြင် USB-C Charging Support ပြုလုပ်တဲ့ Laptop တွေ၊ MacBook တွေကိုပါ Adapter တစ်ခုထဲနဲ့ အားသွင်းနိုင်တာကြောင့်ဖြစ်ပါတယ်။ 

Third-party Power Adapter တွေထဲမှာ Recommend ပေးလို့အကောင်းဆုံးကတော့ Aukey ကနေထုတ်လုပ်ထားတဲ့ PA-B3 Dual-Port Power Delivery Charger ပဲဖြစ်ပါတယ်။ အဆိုပါ Aukey PA-Be Charger မှာဆိုရင် USB-C တစ်ပေါက်နဲ့ USB-A တစ်ပေါက်ပါဝင်မှာဖြစ်ပြီး USB-C ကနေ အမြင့်ဆုံး 65W အထိ အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် GaN နည်းပညာကို အသုံးပြုထားတာကြောင့် Apple 61W USB-C MacBook Power Adapter ထက် အရွယ်အစားထက်ဝက်ခန့် သေးငယ်နေမှာပါ။ 

ဒါပေမယ့် Aukey PA-B3 ကို အသုံးပြုပြီး iPhone ကို Fast Charge နဲ့အားသွင်းမယ်ဆိုရင် USB-C Port မှာပဲ တပ်ဆင်ပြီး အားသွင်းရမှာဖြစ်ပါတယ်။ တကယ်လို့ USB-C Port ကို တခြား MacBook ကို အားသွင်းမယ်ဆိုရင် USB-C ကနေ 45W ပဲရရှိမှာဖြစ်ပြီး USB-A Port ကနေ 12W Charging ကိုပဲ ထုတ်ပေးနိုင်မှာပါ။ အဲ့ဒါကြောင့် MacBook နဲ့တွဲဖက်ပြီး တစ်ပြိုင်တည်း Fast Charge နဲ့အားသွင်းနိုင်မှာတော့မဟုတ်ပါဘူး။ 

နောက်ထပ်ညွှန်းပေးချင်တာကတော့ Device အများအပြားကို တစ်ချိန်တည်းအားသွင်းချင်တဲ့သူတွေအတွက် Aukey PA-Y13 USB-C Power Delivery & Quick Charge 3.0 Power Adapter ပဲဖြစ်ပါတယ်။ ဒီကောင်ကို ညွှန်းပေးရတာကတော့ USB-C Power Delivery အနေနဲ့ 46W အထိ ထုတ်ပေးနိုင်တာကြောင့် MacBook Pro 13-inch အပြင် iPhone တွေအတွက်လည်း Fast Charge ကို Support ပေးနိုင်မှာဖြစ်သလို USB-A ၂ ပေါက်ထဲက တစ်ခုကနေလည်း Android Phone တွေအတွက် 18W Quick Charge 3.0 နဲ့ အားသွင်းပေးနိုင်တာကြောင့်ဖြစ်ပါတယ်။ နောက်ဆုံးကျန်တဲ့ USB-A Port ကလည်း 5V 2.1A Output ရရှိမှာဖြစ်တာကြောင့် Power Bank ၊ Wearable တွေလိုမျိုး Accessories တွေကို အားသွင်းဖို့ သင့်တော်မှာဖြစ်ပါတယ်။ 

တခြားသော Third-party Power Adapter တွေကို ရွေးချယ်မယ်ဆိုရင်တော့ အဓိကအနေနဲ့ USB-C Power Delivery ကို Support ပေးဖို့လိုအပ်ပြီး အနည်းဆုံး18W သို့မဟုတ် 20W အထက် Output ရှိရမှာဖြစ်ပါတယ်။ Apple iPhone တွေဟာ USB-C ကနေပဲ Fast Charge Support ပြုလုပ်နိုင်တာကြောင့် USB-A ကနေ 18W Output ထွက်ရှိရင်လည်း Fast Charge ကို Support ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ 

Cable အနေနဲ့ကတော့ Apple MFi Support ပြုလုပ်ပြီး အရည်အသွေးကောင်းမွန်တဲ့ Brand ကိုပဲ ရွေးချယ်ဖို့ကို ညွှန်းပေးချင်ပါတယ်။ ဥပမာ Aukey နဲ့ Mophie လို Brand တွေကထုတ်လုပ်ထားတဲ့ USB-C to Lightning Cable တွေဟာ အရည်အသွေးအရရော Warranty ပိုင်းအရပါ စိတ်ချရသလို တချို့ဆိုရင် Braided Cable အမျိုးအစားဖြစ်တဲ့အတွက် ရေရှည်စိတ်ချလက်ချအသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

အခုဆိုရင် Apple iPhone တွေကို Fast Charge နဲ့ အားသွင်းမယ်ဆိုရင် ဘယ်လိုမျိုး အားသွင်းနိုင်မလဲဆိုတာကို သိရှိသွားပြီလို့ ယူဆပါတယ်။ Apple Original Product တွေကို ဝယ်ယူအသုံးပြုတာကတော့ အကောင်းဆုံးဖြစ်ပေမယ့် Third-party Accessories တွေကို ဝယ်ယူမယ်ဆိုရင်လည်း အရည်အသွေးကောင်းပြီး Warranty ပိုင်း စိတ်ချရတဲ့ Brand တွေကိုပဲ ရွေးချယ်တာက သင့် iPhone ကို ထိခိုက်မှုမရှိဘဲ အမြန်ဆုံးအားသွင်းပေးနိုင်မှာဖြစ်ပါတယ်။ 

Wireless Charging အနေနဲ့ကတော့ Apple iPhone 8 နှင့်အထက် iPhone တွေမှာ 7.5W အထိ Support ပေးထားမှာဖြစ်ပြီး iPhone 12 Series မှာတော့ iPhone 12 mini ကလွဲပြီး ကျန်တဲ့ iPhone 12 Series ဖုန်းတွေဟာ MagSafe Charger နဲ့တွဲဖက်ပြီး အားသွင်းမယ်ဆိုရင် 15W Fast Wireless Charging ရရှိမှာဖြစ်ပါတယ်။ iPhone 12 mini ကို MagSafe နဲ့အားသွင်းမယ်ဆိုရင်တော့ အများဆုံး 12W အထိပဲ Support ပြုလုပ်မှာဖြစ်ပါတယ်။ 

စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Delivery Service ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Previous article “This accessory may not be supported” ပေါ်နေတာကိုဘယ်လိုဖြေရှင်းကြမလဲ
Next article အိမ်မှာနေရင်း အမိုက်ဆုံး Work From Home Setup ကို ဘယ်လိုဆင်ကြမလဲ