Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
မြန်မာ Podcast Channel တွေထဲက နားထောင်ကြည့်သင့်တဲ့ Channel အချို့

မြန်မာ Podcast Channel တွေထဲက နားထောင်ကြည့်သင့်တဲ့ Channel အချို့

 လူတိုင်းအတွက် အမှောင်မိုက်ဆုံးဖြစ်နေတဲ့ ဒီလိုအချိန် စိတ်ချမ်းသာဖို့ရော၊ ကိုယ်ကျန်းမာဖို့ရော စိတ်ပိုင်းဆိုင်ရာထိလွယ်ရှလွယ်ဖြစ်နေချိန် ဘယ်သူမှစာအရှည်ကြီးတွေဖတ်ချင်မှာမဟုတ်ပါဘူး။ ဒါကြောင့် Admin လည်း တိုတိုတုတ်တုတ်နဲ့သိသင့်တာလေးတွေပဲရေးထားသလို အခုတလော Admin နားထောင်ဖြစ်နေတဲ့ Podcast Channel လေးတွေကို Admin နဲ့အတူတူနားထောင်နိုင်ဖို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Moe Shin

စာအုပ်ချစ်သူတယောက်ဆိုရင်တော့ မိုးရှင်းဆိုတဲ့နာမည်ကိုရင်းနှီးကြမှာပါ။ သူ့ Podcast Channel လေးထဲမှာဆိုရင်တော့ Personality ပိုင်းနဲ့ပတ်သတ်ပြီး အဓိကနားထောင်လို့ရမယ့်အပြင် တပတ်ကို Podcast တခုကနေ နှစ်ခုအထိတင်ပေးလေ့ရှိပါတယ်။ အခုလို အမှောင်မိုက်ဆုံးဖြစ်နေတဲ့အချိန်မှာ သူ့ Podcast လေးက ခွန်အားတွေပြန်ယူလို့အကောင်းဆုံးပါပဲ။

Google Podcasts - https://rebrand.ly/moeshin

Spotify Podcasts - https://rebrand.ly/spotifymoeshin

Traveller Thiha Lulin

Admin ကတော့ ခရီးသွားရတာကြိုက်တဲ့လူမို့ထင်တယ် ဒီကာလဘယ်မှာမသွားရတော့ လူကဖျားချင်သလိုလိုနာချင်သလိုလိုနဲ့ တကယ်ကိုအဆင်မပြေဘူး။ ဒါပေမယ့် ဒီ Podcast လေးကတော့ Admin ရဲ့လျှောက်သွားချင်စိတ်ကို အာသာပြေစေတာအမှန်ပဲ။ Travel Feeling ရစေဖို့အတွက် Soft Music လေးတွေကိုလည်း Background မှာထည့်ပေးထားတော့ အေးဆေးငြိမ်သက်တဲ့အချိန်မှာနားထောင်လို့အရမ်းကောင်းပါတယ်။ မျက်လုံးလေးမှိတ်၊ နားကြပ်လေးတပ်ပြီး ကော်ဖီတခွက်နဲ့ နားထောင်တာကတော့ Admin အကြိုက်ပေါ့။ 

Apple Podcasts - https://rebrand.ly/applethihalulin

Google Podcasts - https://rebrand.ly/thihalulin

Kayrean 

ဒီတခုကတော့ Stay Home ကာလမှာ ကိုရီးယားစာကိုလေ့လာချင်သူတွေ၊ စကော်လာရှစ်လျှောက်ချင်သူတွေအတွက် အထောက်အကူဖြစ်စေမယ့် Podcast Channel လေးပဲဖြစ်ပါတယ်။ စကော်လာရှစ်လျှောက်တဲ့အခါ ဘာတွေလိုအပ်တယ်၊ ဘာတွေသတိထားသင့်တယ် ဆိုတဲ့ Tips လေးတွေကို မျှဝေပေးလေ့ရှိပါတယ်။ တနင်္လာနေ့ပုံမှန်တင်ပေးကြမို့ လူငယ်တွေအတွက်ပညာရေးပိုင်းမှာ အထောက်အကူဖြစ်ပါတယ်။ 

Anchor Podcast - https://rebrand.ly/kayrean

NarSin

ဒါလေးကတော့ ကိုယ့်ရဲ့ Daily Life ကိုပိုကောင်းလာစေမယ့် အကြောင်းအရာလေးတွေကိုမျှဝေပေးနေတဲ့ Channel တခုပါ။ သူ့မှာ ဘာသာပြန်တွေပါမယ်၊ ကိုးကားထားတာတွေပါမယ်။ ဥပမာ - ပေါင်းသင်းဆက်ဆံရေးတွေ၊ စိတ်ပိုင်းဆိုင်ရာတွေမှာပြဿနာရှိနေလား၊ ကိုယ့်ကိုကိုယ်ပြုပြင်ချင်တဲ့ ပြဿနာလေးတွေရှိနေလား ဒါဆိုရင်တော့ ဒီ Podcast လေးကိုနားထောင်ကြည့်လိုက်ပါ အကျိုးရှိစေပါလိမ့်မယ်။  

Apple Podcasts - https://rebrand.ly/applenarsin

Google Podcasts - https://rebrand.ly/narsin

AYayMaYaAPhatMaYa Show

သူ့နာမည်လေးက တမျိုးဆန်းတယ်မလား။ မယုံမရှိနဲ့ တကယ်လည်း အရည်မရမဖတ်မရတွေပြောမယ့် Show လေးပါ။ တခုခုရမယ်တွေးထားရင်တော့ နားမထောင်တာကောင်းမယ်။ ဒါပေမယ့် အပျင်းပြေတယ်၊ အကြံကောင်းတွေလည်းထွက်ရင်ထွက်မယ် မထွက်ရင်မထွက်ဘူး။ တယောက်တည်းဖြစ်နေချိန်မှာ ဒီ Channel လေးက အထီးမကျန်စေတာတော့ အမှန်ပဲ။ ခေတ်ကာလအကြောင်းအရာတွေ၊ ငယ်ဘဝအမှတ်ရစရာတွေ၊ ဘာတွေညာတွေ လျှောက်ပြောနေမယ့် Show လေးက တခုခုတော့ထူးခြားနေတဲ့အတွက် ဘာတွေလဲသိချင်ရင် ဝင်နားထောင်ကြည့်ပေါ့ဗျာ။

Apple Podcasts - https://rebrand.ly/ayaymayaaphatmaya

Techshaw

နည်းပညာခေတ်ကြီးထဲမှာ နည်းပညာဆိုတာ လက်ညှိုးထိုးမလွဲမြင်တွေ့နေရတဲ့အရာတခုပါ။ ဒီတခုကတော့ Tech ပိုင်းတွေ၊ UI/UX အပိုင်းတွေနဲ့ပတ်သတ်ပြီး Admin အခုတလောနားထောင်ဖြစ်နေကြ Channel လေးတခုပဲဖြစ်ပါတယ်။ လူငယ်တွေအတွက်တော်တော်အကျိုးရှိတဲ့အပြင် မြန်မာလိုပြောတဲ့အတွက် ပိုပြီးနားလည်လွယ်ပါတယ်။

Apple Podcasts - https://rebrand.ly/techshaw

Sharing is Caring

နောက်ဆုံးတခုကတော့ Music Industry ပိုင်းကိုစိတ်ဝင်စားကြတဲ့လူငယ်တွေအတွက် ကိုယ်ဝါသနာပါတဲ့ သီချင်းတွေလည်းလုပ်ရင်း ဝင်ငွေရလာအောင်ဘယ်လိုလုပ်ရမလဲ စသဖြင့် ဘုရားလည်းဖူး လိပ်ဥလည်းတူးနိုင်မယ့် နည်းလမ်းလေးတွေကိုဖော်ပြပေးတတ်တဲ့ Podcasts Channel လေးပဲဖြစ်ပါတယ်။ admin တော့ အမြဲနားမထောင်ဖြစ်ပေမယ့် ဗဟုသုတရလို့ရငြားရံဖန်ရံခါ နားထောင်ဖြစ်တာမို့ ဂီတပိုင်းကိုစိတ်ဝင်စားတဲ့လူငယ်တွေအနေနဲ့လည်း နားထောင်သင့်တယ်လို့ အကြံပြုချင်ပါတယ်။

Spotify Podcasts - https://rebrand.ly/spotifysharingiscaring

Google Podcasts - https://rebrand.ly/googlesharingiscaring

ဒီလောက်ဆိုရင်တော့ စိတ်အပန်းဖြေဖို့လုံလောက်ပြီလို့ယူဆပါတယ်။ ဪ Podcast လေးတွေနားထောင်ရင် တိတ်တိတ်ဆိတ်ဆိတ်နဲ့အေးဆေးနားထောင်ဖို့အတွက်လည်း Active Noise Cancellation ပါတဲ့ AirPods Pro လေးကိုမမေ့နဲ့ဦးနော်..

 

Previous article iPhone Calendar မှာ Spam Notification တွေကို ဖယ်ရှားနည်း
Next article ဒီလိုအချိန်မှာ အသုံးသင့်ဆုံး Apple Watch ရဲ့ Handwashing Feature