Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
Apple Watch ကို ကာကွယ်သင့်သလား

Apple Watch ကို ကာကွယ်သင့်သလား

iPhone ကိုင်နေတဲ့သူဆိုရင် ဖုန်းကို Case တပ်ထားတာမျိုး၊ Tempered Glass ကပ်ပြီး Display ကို ကာကွယ်တတ်ကြပါတယ်။ ဒါကလည်း iPhone လိုမျိုး နေ့တိုင်းလက်က ကိုင်ပြီး နေရာမျိုးစုံ၊ အိပ်ကပ်မျိုးစုံမှာ ထည့်သွင်းအသုံးပြုနေရတာကြောင့် ပိုပြီး ထိခိုက်မှုကို ကြုံတွေ့ရတတ်တာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့် လက်မှာအမြဲတမ်းပတ်ထားရတဲ့ Apple Watch ကတော့ ဖုန်းနဲ့ယှဥ်ရင် ထိခိုက်နိုင်မှုနည်းပါးတာကြောင့် Watch Case တွေ၊ Screen Protector တွေကပ်ဖို့ကို သတိမေ့နေတတ်ပါတယ်။ ဒါကြောင့် Apple Watch ပတ်နေတယ်ဆိုရင် Watch Case က သုံးဖို့လိုအပ်သလား၊​ ပုံမှန်အတိုင်းပဲ သုံးနေရုံနဲ့ လုံလောက်သလားဆိုတာကို ဖော်ပြပေးသွားပါမယ်။

Apple Watch ဟာ ထိခိုက်ဖို့လွယ်ကူသလား

ဒီအတွက်ကတော့ အဖြေက လွယ်လည်း လွယ်ကူသလို မလွယ်ကူဘူးလို့လည်း ပြောရမှာပါ။ ဘာကြောင့်လဲဆိုရင် Apple ဟာ အခုနောက်ပိုင်းမှာ Apple Watch Display ကို တော်ရုံထိခိုက်မှုတွေကြောင့် ကွဲအပ်ခြင်းမရှိအောင် ကာကွယ်ပေးထားလို့ဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ Apple Watch Series 7 ဆိုရင် Apple Watch တွေထဲမှာ အကြမ်းအခံဆုံး Display ကို အသုံးပြုထားပြီး စက်ဘီးပေါ်က ပြုတ်ကျရင်တောင် ကွဲအက်ခြင်းကို ကာကွယ်ပေးနိုင်မှာပါ။ ဒါကလည်း တချို့သော Apple Watch တွေမှာ Sapphire Crystal Display ကို အသုံးပြုထားတာကြောင့် ပိုပြီး ကာကွယ်မှုရရှိနိုင်မှာပါ။

ဒါပေမယ့်လည်း မှန်မကွဲဘူးဆိုတိုင်း Apple Watch ရဲ့ ဘေးဘောင်တွေနဲ့ တစ်ခါတလေ Display မှာပါ အစင်းရာတွေ၊ ခြစ်ရာတွေ ထင်နေတတ်ပါတယ်။ ဒါက ပုံမှန်အတိုင်း နာရီပတ်နေရင်းနဲ့တင် စားပွဲနဲ့ တိုက်မိတာတွေ၊ မတော်တဆချော်လဲတဲ့အချိန်မှာ မှန်မထိရင်တောင် ဘေးဘောင်တွေ ပွန်းတာမျိုးဖြစ်တတ်ပါတယ်။

Apple Watch အမျိုးအစားပေါ်မှုတည်ပြီး ထိခိုက်နိုင်မှုကွာခြားသလား

Apple Watch တွေဟာ အမျိုးအစားအမျိုးမျိုး ထုတ်လုပ်ထားတာဖြစ်ပြီး Aluminum ၊ Stainless Steel ၊ Titanium နဲ့ Ceramic ဆိုပြီး ရှိမှာဖြစ်ပါတယ်။ ဒီထဲမှာ Ceramic Version က အစင်းရာထင်တာကို အကာကွယ်ပေးနိုင်ဆုံးဖြစ်မှာပါ။ အဲ့ဒီနောက်မှာတော့ Titanium နဲ့ Stainless Steel တွေက ကာကွယ်မှုကို အထိုက်အလျောက်ပေးနိုင်မှာဖြစ်ပါတယ်။​

ဒါပေမယ့် ကိုယ်က Aluminum Version ကို အသုံးပြုနေတယ်ဆိုရင်တော့ အစင်းရာထင်နိုင်ခြေက မြင့်မားပါတယ်။ တစ်ခါတလေမှာ ထိခိုက်မှုကြီးကြီးမားမားကြောင့် Apple Watch ကိုယ်ထည်ကို ဒါဏ်ရာအနက်ဖြစ်တဲ့အထိကို ဖြစ်နိုင်တာကြောင့် ဂရုစိုက်အသင့်ဆုံး Apple Watch အမျိုးအစားလို့တောင် ပြောနိုင်ပါတယ်။​

Apple Watch ကို ဘယ်လိုကာကွယ်ကြမလဲ

Apple Watch ဟာ Display ကိုတော့ အကောင်းဆုံးကာကွယ်ပေးထားတာကြောင့် မှန်ကပ်နဲ့ မကာကွယ်ချင်ဘူးဆိုရင်တောင်မှ ကိုယ်က Aluminum Version ကို သုံးနေတယ်ဆိုရင် ဘေးဘောင်တွေကို ကာကွယ်ထားသင့်ပါတယ်။​​​ ဒီနေရာမှာ အကောင်းဆုံးကာကွယ်မှုကို ပေးစွမ်းနိုင်တာကတော့ Apple Watch Case တွေပဲဖြစ်ပြီး လုံးဝ ဘေးဘောင်ပတ်လည်ကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။

နောက်ထပ် ဒီလိုမျိုး Watch Case တွေကို သုံးတာရဲ့ အားသာချက်တစ်ခုက Apple Watch ကို ကာကွယ်နေရင်းနဲ့ ကိုယ်ပိုင် Style တစ်ခုကိုပါ ဖန်တီးနိုင်တာပဲဖြစ်ပါတယ်။ Apple Watch အတိုင်း အရောင်တူ Watch Case သုံးချင်တာပဲဖြစ်ဖြစ်၊ တမျိုးဆန်းတဲ့ Carbon Fiber Design ပဲဖြစ်ဖြစ် စိတ်ကြိုက်ရွေးချယ်နိုင်တာကြောင့် ကိုယ့်အဝတ်အစားနဲ့ လိုက်ဖက်တဲ့ ပုံစံကို ဖန်တီးနိုင်စေမှာပါ။

Apple Watch ကို ကာကွယ်ဖိို့အတွက် Watch Case လေးတွေကို လိုအပ်လာတယ်ဆိုရင်လည်း နီးစပ်ရာ iSure ဆိုင်ခွဲတွေနဲ့ iSure Myanmar Website ကနေ အချိန်မရွေးဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Next article iSure Website မှာ Visa ၊ Mastercard အသုံးပြုပြီး ဘယ်လိုမျိုးဝယ်ယူကြမလဲ