Discount Programs
EDUCATION & DESIGN

သင့်ပညာရေးအတွက် ကျွန်ုပ်တို့ ကူညီပေးပါရစေ...
ပညာသင်ယူနေတဲ့ ကျောင်းသားကျောင်းသူတစ်ယောက်ပဲဖြစ်ဖြစ်၊ အဖိုးဖြတ်မရတဲ့ ပညာသင်ကြားပေးနေကြတဲ့ ဆရာ၊ ဆရာမတွေပဲဖြစ်ဖြစ် ပညာရေးနဲ့ပတ်သက်နေတဲ့သူတွေကို ကျွန်ုပ်တို့ iSure ကနေ ပစ္စည်းဝယ်ယူတဲ့အချိန်မှာ ဝယ်ယူသည့်ပစ္စည်းအပေါ်မှုတည်ပြီး လျော့စျေးရယူနိုင်အောင် ကူညီပေးသွားမှာဖြစ်ပါတယ်။
ပညာရေးနှင့်ပတ်သက်တဲ့ ကျောင်းသား၊ ဆရာနဲ့ ပညာရေးဝန်ထမ်းတွေအားလုံး ယခု Education Discount အစီအစဥ်မှာ အကျုံးဝင်မှာဖြစ်ပါတယ်။
iSure Website မှာပဲ အသုံးပြုနိုင်မှာဖြစ်ပြီး Apple Brand မဟုတ်သော Accessories အားလုံးအတွက် 10% Discount ၊ Mac နင့် iPad Device များဝယ်ယူမှုတွေအတွက် ငွေကျပ် ၃၀,၀၀၀ လျော့စျေးရယူနိုင်မှာဖြစ်ပါတယ်။
Discount ရယူဖို့အတွက်ကတော့ iSure ရဲ့ Email Address ဖြစ်တဲ့ “[email protected]” သို့ Email Subject Title နေရာမှာ “Education Discount” လို့ ရေးသားပြီး ကိုယ်နှင့်သက်ဆိုင်သော ID Card အချက်အလက်နှင့်အတူ ဝယ်ယူလိုသော ပစ္စည်းကို တွဲဖက်ပြီး ပေးပို့ပေးရမှာဖြစ်ပါတယ်။
“ပညာရေးဟာ တကမ္ဘာလုံးကို ပြောင်းလဲပစ်နိုင်တဲ့ လက်နက်တစ်ခုဖြစ်ပါတယ်” - နယ်လ်ဆန် မန်ဒဲလ်လား (Nelson Mandela)
iSure ကနေ Discount ရယူပြီး သင့်ရဲ့ ပညာရေးနဲ့ တကမ္ဘာလုံးကို ပြောင်းလဲပစ်လိုက်ပါ။
- iSure မှ Email လက်ခံရရှိပြီး မှန်ကန်ပါက Promo Code ပြန်လည်ပေးပို့ပေးမှာဖြစ်ပါသည်။
- အဆိုပါ Promo Code ကို တစ်ကြိမ်သာ အသုံးပြုနိုင်မှာဖြစ်ပြီး တစ်လလျှင် Promo Code တစ်ခုသာ ရရှိမှာဖြစ်ပါသည်။
- Promo Code ကို အသုံးပြုပြီး ရက် ၃၀ အကြာမှ နောက်ထပ် Promo Code တစ်ခုရရှိမှာဖြစ်ပါသည်။
- Promo Code ကို လူတစ်ဦးလျှင် ၁ နှစ်အတွင်း Promo Code ၁၂ ကြိမ်သာအများဆုံးရယူနိုင်မှာဖြစ်ပါသည်။
- ယခု Promotion သည် iSure Website တွင် ဝယ်ယူမှုအတွက်သာ အကျုံးဝင်မှာဖြစ်ပါသည်။

ဒီဇိုင်းကို ခုံမင်ပြီး ကမ္ဘာကြီးကို ပိုလှပအောင် ဖန်တီးပေးနေတဲ့ Artist တစ်ယောက်လား...
နေ့စဥ်သုံးနေတဲ့ ပစ္စည်းအသေးလေးတွေကနေ စတင်ပြီး ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ၊ အဆောက်အဦးနဲ့ အရာဝတ္ထုအားလုံးမှာ ဒီဇိုင်းပညာရပ်ဟာ အရေးကြီးတဲ့အခန်းကဏ္ဌကနေ ပါဝင်ပါတယ်။ အမြင်ပိုင်းတင် လှပနေဖို့မဟုတ်ဘဲ တကယ်တမ်းအသုံးပြုတဲ့အချိန်မှာ အဆင်ပြေဖို့ကလည်း Designer နဲ့ Artist တွေက အရေးကြီးတဲ့တာဝန်တစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး တကမ္ဘာလုံးကို လှပအောင် ဖန်တီးပေးနေတဲ့ Artist တွေနဲ့ Designer တွေအတွက် ပိုပြီး အလုပ်တွင်စေဖို့ iSure ကနေ Discount Promotion လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒါကြောင့် ဒီဇိုင်းပိုင်းနဲ့ Artist ပိုင်းနဲ့ ပတ်သက်ပြီး ပညာသင်ကြားနေသူတွေ၊ အလုပ်လုပ်ကိုင်နေတဲ့ Designer နဲ့ Artist တွေအကုန်လုံး ဝင်ရောက်ပါဝင်ပြီး Discount ရယူနိုင်မှာဖြစ်ပါတယ်။ ယခု Discount Promotion ကို iSure Website မှာပဲ အသုံးပြုနိုင်မှာဖြစ်ပြီး Apple Brand မဟုတ်သော Accessories အားလုံးအတွက် 10% Discount ၊ Mac နင့် iPad Device များဝယ်ယူမှုတွေအတွက် ငွေကျပ် ၃၀,၀၀၀ လျော့စျေးရယူနိုင်မှာဖြစ်ပါတယ်။
Discount ရယူဖို့အတွက်ကတော့ iSure ရဲ့ Email Address ဖြစ်တဲ့ ”c[email protected]” သို့ Email Subject Title နေရာမှာ “Artist & Designer Discount” လို့ ရေးသားပြီး ဒီဇိုင်းပိုင်းနှင့်သက်ဆိုင်သော အလုပ် ID Card အချက်အလက်နှင့်အတူ ဝယ်ယူလိုသော ပစ္စည်းကို တွဲဖက်ပြီး ပေးပို့ပေးရမှာဖြစ်ပါတယ်။
“ဒီဇိုင်းပညာဆိုတာ မြင်နိုင်၊ ထိတွေ့နိုင်တဲ့ ခံစားမှုတစ်ခုထဲတင်မဟုတ်ပါဘူး၊ ဒီဇိုင်းဆိုတာ ဘယ်လိုအကောင်းဆုံးတွဲဖက်အလုပ်လုပ်နိုင်ဖို့ပါ" - စတိဂျော့်စ် (Steve Jobs)
အခုပဲ iSure ရဲ့ Discount Promotion ကို ရယူပြီး သင့်ကျွမ်းကျင်တဲ့ ဒီဇိုင်းပညာအလှပဆုံးကမ္ဘာကြီးကို ဖန်တီးလိုက်ပါ။
- iSure မှ Email လက်ခံရရှိပြီး မှန်ကန်ပါက Promo Code ပြန်လည်ပေးပို့ပေးမှာဖြစ်ပါသည်။
- အဆိုပါ Promo Code ကို တစ်ကြိမ်သာ အသုံးပြုနိုင်မှာဖြစ်ပြီး တစ်လလျှင် Promo Code တစ်ခုသာ ရရှိမှာဖြစ်ပါသည်။
- Promo Code ကို အသုံးပြုပြီး ရက် ၃၀ အကြာမှ နောက်ထပ် Promo Code တစ်ခုရရှိမှာဖြစ်ပါသည်။
- Promo Code ကို လူတစ်ဦးလျှင် ၁ နှစ်အတွင်း Promo Code ၁၂ ကြိမ်သာအများဆုံးရယူနိုင်မှာဖြစ်ပါသည်။
- ယခု Promotion သည် iSure Website တွင် ဝယ်ယူမှုအတွက်သာ အကျုံးဝင်မှာဖြစ်ပါသည်။