Blog

WWDC 2022 Event မှာ ဘာတွေမိတ်ဆက်ခဲ့သလဲ

Apple ရဲ့ နှစ်စဥ်ကျင်းပနေတဲ့ Worldwide Developer Conference (WWDC) Event ဟာ ၂၀၂၂ ခုနှစ်အတွက် ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။​ ဒါကြောင့် WWDC 2022 Event မှာ ဘာတွေမိတ်ဆက်ခဲ့သလဲဆိုတာကို ပြန်ပြီး Recap အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

iOS 16

iPhone 8 Series နှင့်အထက် iPhone တွေမှာ Update ပြုလုပ်နိုင်မယ့် iOS 16 ဟာ ပြောင်းလဲမှုတွေအများအပြားပါဝင်လာခဲ့ပါတယ်။

ပထမဆုံးပြောင်းလဲမှုကတော့ Lock Screen ပဲဖြစ်ပြီး သင့်ရဲ့ Lock Screen Wallpaper ၊​ Font ၊ Widget တွေအကုန်လုံးကို ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ Lockscreen ရဲ့ Clock က အခုအချိန်မှာ Walllpaper ထားထားတဲ့ Subject ရဲ့ အနောက်မှာရှိနေမှာဖြစ်ပြီး Clock က ကိုယ့် Lockscreen ကို ဖုံးနေမှာမဟုတ်တော့ပါဘူး။​ Notification တွေကိုလည်း အပေါ်ကနေ ဆွဲချရမယ့်အစား ပိုပြီး လွယ်ကူအောင် အောက်ကနေဆွဲတင်ရမှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ Lock Screen ကို Focus နဲ့ တွဲပြီး Personalize ပြုလုပ်နိုင်ပါပြီ။

နောက်ထပ် iMessage မှာ ပို့ထားတဲ့ Message တွေကိုလည်း ပြန်ပြီး Edit ပြုလုပ်နိုင်ပြီဖြစ်သလို Unsend ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် iMessage မှာလည်း SharePlay ကို Support ပြုလုပ်ပြီဖြစ်ပါတယ်။

နောက်ထပ် iCloud Shared Photo Library ကို အဆင့်မြှင့်တင်ပေးခဲ့ပြီး Face Detection ကနေတစ်ဆင့်ကိုယ်မျှဝေပေးချင်တဲ့သူကို ရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ဓါတ်ပုံရိုက်ကူးတဲ့အချိန်မှာတည်းက Shared Library ထဲမှာ သိမ်းဆည်းမလားဆိုတာကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ Live Text ကို အဆင့်မြှင့်တင်ထားသလို Safety Check Feature ၊ iPhone ကို Mac ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး Webcam အနေနဲ့အသုံးပြုနိုင်မယ့် Feature ၊ Apple Maps နဲ့ CarPlay ကို အဆင့်မြှင့်တင်ပြီး CarPlay ကို Driving Information တွေကိုပါ Multiple Display မှာ ပြသနိုင်စေမှာဖြစ်ပါတယ်။ iPad နဲ့ Mac ကွန်ပျူတာတွေမှာ အသုံးဝင်တဲ့ Quick Notes Feature ကိုလည်း IOS 16 မှာ ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။​

iPadOS 16

Apple ဟာ iPadOS 16 မှာလည်း Multitasking ပိုင်းအတွက် အဓိကရည်ရွယ်ပြီး Feature အသစ်တွေအများအပြားထည့်သွင်းပေးခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ Project တွေကို Share ပြီး အလုပ်လုပ်ရတဲ့သူတွေအတွက် Files ၊ Keynote ၊ Numbers ၊ Pages ၊ Notes လိုမျိုး App တွေက Share Button မှတစ်ဆင့် Message ကနေ Share ပေးလိုက်ရုံနဲ့ အလွယ်တကူ Collaborate လုပ်နိုင်ပြီဖြစ်ပါတယ်။​ Message ကနေ အသုံးမပြုချင်ရင်လည်း FaceTime Call ကနေတစ်ဆင့် မျှဝေပေးနိုင်မှာပါ။

နောက်ထပ်ထူးခြားချက်ကတော့ Apple ဟာ iPadOS 16 နဲ့အတူ Weather App ကိုလည်း ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။

ဒါ့အပြင် macOS Ventura မှာပါဝင်လာတဲ့ Multitasking Feature ဖြစ်တဲ့ State Manager Feature ကိုလည်း iPadOS 16 မှာ ရရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်အသုံးပြုနေတဲ့ App တွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်မှာဖြစ်သလို ဖွင့်ထားတဲ့ App တွေကိုလည်း ဘေးဘက်မှာတွေ့ရမှာဖြစ်ပါတယ်။​

နောက်ထပ် iPadOS 16 မှာ Color မှန်ကန်ဖို့လိုအပ်တဲ့ Professional တွေအတွက် Reference Mode ကိုလည်း ထည့်သွင်းပေးထားပါတယ်။​ ဒါ့အပြင် iPadOS 16 မှာ External Display Support လည်း အပြည့်အဝပါဝင်လာပြီဖြစ်ပါတယ်။

macOS Ventura

Mac ကွန်ပျူတာတွေအတွက်လည်း macOS Ventura Update အသစ်ကိုလည်း Apple ကနေ မိတ်ဆက်ပေးခဲ့ပါတယ်။ အဓိကအနေနဲ့ ယခု Ventura Update ဟာ Productivity ပိုင်းကို အာရုံစိုက်ထားပြီး Multitasking အတွက် နည်းလမ်းအသစ်ဖြစ်လာမယ့် Stage Manager Feature အသစ်က အဓိကဖြစ်လာပါတယ်။ အဆိုပါ Feature ဟာ ကိုယ်ဆောင်ရွက်နေတဲ့ App Windows Group တစ်ခုကိုပဲ​​ဦးစားပေးဖော်ပြသွားမှာဖြစ်ပြီး ကျန်တဲ့ Windows တွေကို ထောင့်မှာ ကပ်ထားပေးမှာဖြစ်ပါတယ်။

ကျန်တဲ့ Mail နဲ့ Safari အတွက်လည်း Update အသစ်တွေပြုလုပ်ထားပြီး Browser Tab တွေကို တခြားသူတွေနဲ့ Share ပေးတဲ့အချိန်မှာ လွယ်ကူသွားပြီဖြစ်သလို Website အသစ်တွေ Sign in ပြုလုပ်ဖို့အတွက် Password ရိုက်စရာမလိုဘဲ​ ဝင်ရောက်နိုင်တဲ့ Passkey Feature လည်းပါဝင်လာပါတယ်။ Apple ရဲ့ Metal Gaming Rendering Engine ဟာ ပိုအဆင့်မြှင့်တင်ထားပြီး Game ဆော့တဲ့အချိန်မှာ ပိုပြီး Smooth ဖြစ်စေမှာပါ။

နောက်ထပ် Feature ကတော့ iPhone မှာ FaceTime Call ပြုလုပ်မှုတွေကို Mac နဲ့ iPad အနားထားလိုက်တာနဲ့ ပြောင်းလဲပြီးပြောဆိုနိုင်ပြီဖြစ်ပါတယ်။

watchOS 9

Apple Watch တွေအတွက် watchOS 9 မှာတော့ Workout View အတွက် Data တွေပိုမိုပြသနိုင်သလို ပြေးတဲ့အချိန်မှာလည်း ပိုပြီး တိကျအောင် တွက်ချက်ပေးနိုင်ပြီဖြစ်ပါပြီ။ Sleep Stages ဆိုတဲ့ Feature လည်းပါဝင်လာပြီး သင့်အိပ်ချိန်တွေကို Light ၊ Deep နဲ့ REM Sleep ဆိုပြီး ခွဲခြားနိုင်မှာဖြစ်ပါတယ်။​ watchOS 9 နဲ့အတူ Lunar Calendar နဲ့ Real-time Astrological Alignment တွေကို ဖော်ပြနိုင်တဲ့ Watch Face အသစ်တွေလည်း ပါဝင်လာပါတယ်။

Apple M2 Chip

Mac ကွန်ပျူတာတွေရဲ့ စွမ်းဆောင်ရည်ကို လုံးဝပြောင်းလဲပေးခဲ့တဲ့ M1 Chip ရဲ့ Next Generation ဖြစ်တဲ့ M2 Chip ကိုလည်း Apple ကနေ တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။ M2 Chip ဟာ 5nm Architecture ကို အခြေခံထားတဲ့ 8-Core Chip ဖြစ်ပြီး CPU ပိုင်းမှာ ယခင် M1 Chip ထက် ၁၈ ရာခိုင်နှုန်းပိုမိုမြန်ဆန်ပြီး GPU ပိုင်းမှာ ၂၅ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။​ Memory Bandwidth ပိုင်းမှာလည်း 100GB/s အထိ တိုးမြှင့်ထားပြီး စုစုပေါင်း 24GB Unified Memory အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

M2 MacBook Air

Apple ဟာ အဆိုပါ M2 Chip ကို Design လုံးဝပြောင်းလဲထားတဲ့ MacBook Air အသစ်မှာ စတင်အသုံးပြုထားခဲ့ပါတယ်။ MacBook Air အသစ်ဟာ 13.4″ Liquid Retina Display ကို အသုံးပြုထားပြီး 500 Nits Brightness အထိအသုံးပြုနိုင်မှာပါ။​ အထူအနေနဲ့ 11.3mm ပဲရှိသလို အလေးချိန်ကလည်း 2.7lb ပဲရှိမှာဖြစ်ပါတယ်။ FaceTime Camera ကိုလည်း 1080p Camera အသုံးပြုထားပြီး MagSafe Charging နဲ့ Thunderbolt 4 USB-C Port ၂ ခုပါဝင်မှာဖြစ်ပါတယ်။ ယခင် MacBook Air အတိုင်းပဲ Fanless Design ကို အသုံးပြုထားပြီး Battery Life အနေနဲ့ ၁၈ နာရီအထိ အသုံးပြုနိုင်မှာပါ။

M2 MacBook Pro 13-inch

နောက်ထပ်အနေနဲ့ လက်ရှိရောင်းချနေတဲ့ MacBook Pro 13-inch ကိုလည်း M2 Chip နဲ့ အဆင့်မြှင့်တင်ပေးခဲ့ပါတယ်။ ဒါပေမယ့် Design ပိုင်းနဲ့ Feature ပိုင်းတွေမှာတော့ ယခင် M1 MacBook Pro 13-inch ကနေ ပြောင်းလဲမှုရှိမှာမဟုတ်ပါဘူး။

Older

SureFix ရဲ့ iPhone All Fine Promotion အကြောင်း အသေးစိတ်လေ့လာကြမယ်

Newer

iOS 16 ကို Public Beta အနေနဲ့ Download ပြုလုပ်နိုင်ပြီ

Start typing to see products you are looking for.
Shopping cart
Sign in


No account yet?

Create an Account

Delivery

Same Day Delivery ဝန်ဆောင်မှုအား (ရန်ကုန်နှင့်မန္တလေး)သာ ရရှိနိုင်ပါသည်။

အခြားမြို့များအတွက် မှာယူသည့်နေ့တွင် သက်ဆိုင်ရာ Delivery Service အပ်ပေးပါသည်။

Return

၇ရက်အတွင်းဖြစ်ပေါ်သော မူလချို့ယွင်းမှုများ အတွက် 24နာရီ အတွင်း အာမခံအပြည့်ပါသော ပစ္စည်းများဖြင့် အစားထိုးပေးပါသည်။

We Accept

လွယ်ကူမြန်ဆန်တဲ့ M Banking ကနေ No Service Charges နဲ့ ငွေပေးချေ ဝယ်ယူနိုင်ပါပြီ။

Call Us 09880441122

Operating Hour 9:00am to 7:30pm

Packing ဖွင့်ပြီးခါစ iPhone Factory Error တွေ့ရှိပါက iSure မှ ချက်ခြင်း Warranty အပြည့်ပါသည့် အမျိုးအစားတူနောက်တစ်လုံးနှင့် လဲလှယ်ပေးပါမည်။