Blog

iSure_blog_02

Lockdown Mode ပါဝင်လာတဲ့ iOS 16 Beta 3

Apple iPhone တွေဟာ ပုံမှန်အားဖြင့် Security ပိုင်းမြင့်မားတဲ့အတွက် စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေ၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ Privacy ပိုင်းကို အလေးထားတဲ့သူတွေ ဦးစားပေးရွေးချယ်နေကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်တုန်းက iPhone တွေမှာ Spyware တစ်ခုဖြစ်တဲ့ Pegasus Spyware လိုမျိုး iPhone တွေမှာ ပျံ့နှံ့ခဲ့တာကြောင့် Apple အနေနဲ့ လုံခြုံရေးပိုင်းကို ပိုပြီး အခုအချိန်မှာ အာရုံစိုက်လာပါတယ်။ အခုလည်း iOS 16 Beta 3 Update နဲ့အတူ လုံခြုံရေးပိုင်းကို အဆင့်မြှင့်တင်ထားတဲ့ Feature တစ်ခုကို ထုတ်ပေးလိုက်ပါတယ်။

ဒါကတော့ Lockdown Mode လို့ နာမည်ပေးထားပြီး နောက်ပိုင်းမှာ iPhone တွေအပြင် iPad နဲ့ Mac တွေအတွက်ပါ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ Lockdown Mode ဟာ Security ပိုင်းကို အမြင့်ဆုံးကာကွယ်ပေးဖို့ ရည်ရွယ်ထားတာဖြစ်ပြီး တချို့သော လုံခြုံရေးကို အထူးအလေးပေးဖို့လိုအပ်တဲ့သူတွေနဲ့ Spyware ဝင်ရောက်နိုင်ခြေမြင့်မားတဲ့သူတွေအတွက် အသုံးပြုဖို့ပိုပြီး သင့်တော်မှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် Lockdown Mode ကို Enable ပြုလုပ်လိုက်တဲ့အချိန်မှာ iPhone ထဲမှာရှိတဲ့ Application တွေနဲ့ Service တွေက Limitation တွေပိုပြီး ကန့်သတ်လိုက်မှာဖြစ်ပါတယ်။

ဥပမာအားဖြင့် Messages App မှာ Attachment တွေကို ဓါတ်ပုံတွေပဲ လက်ခံနိုင်မှာဖြစ်ပြီး Link Preview တွေကို Block ပြုလုပ်သွားမှာဖြစ်ပါတယ်။ Web Browsing ပိုင်းမှာလည်း Spyware ဝင်ရောက်နိုင်တဲ့ Javascript တွေကိုလည်း Disable ပြုလုပ်သွားမှာပါ။ FaceTime Call တွေမှာလည်း ယခင် ခေါ်ဆိုထားခြင်းမရှိတဲ့သူတွေက ခေါ်ဆိုမယ်ဆိုရင် လုံးဝ Block ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ကြိုးဖြင့် ချိတ်ဆက်မှုတွေကိုလည်း Block ထားပြီး Profile တွေကို Install ပြုလုပ်မှုကိုလည်း ပိတ်ထားမှာဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံရေးပိုင်းအတွက် အခု Lockdown Mode ဟာ အလွန်အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာမှာပါ။

Older

iOS 16 ကို Public Beta အနေနဲ့ Download ပြုလုပ်နိုင်ပြီ

Newer

iPhone 14 အပါအဝင် Apple Event မှာ ဘယ် Product တွေမိတ်ဆက်ခဲ့သလဲ

Start typing to see products you are looking for.
Shopping cart
Sign in


No account yet?

Create an Account

Delivery

Same Day Delivery ဝန်ဆောင်မှုအား (ရန်ကုန်နှင့်မန္တလေး)သာ ရရှိနိုင်ပါသည်။

အခြားမြို့များအတွက် မှာယူသည့်နေ့တွင် သက်ဆိုင်ရာ Delivery Service အပ်ပေးပါသည်။

Return

၇ရက်အတွင်းဖြစ်ပေါ်သော မူလချို့ယွင်းမှုများ အတွက် 24နာရီ အတွင်း အာမခံအပြည့်ပါသော ပစ္စည်းများဖြင့် အစားထိုးပေးပါသည်။

We Accept

လွယ်ကူမြန်ဆန်တဲ့ M Banking ကနေ No Service Charges နဲ့ ငွေပေးချေ ဝယ်ယူနိုင်ပါပြီ။

Call Us 09880441122

Operating Hour 9:00am to 7:30pm

Packing ဖွင့်ပြီးခါစ iPhone Factory Error တွေ့ရှိပါက iSure မှ ချက်ခြင်း Warranty အပြည့်ပါသည့် အမျိုးအစားတူနောက်တစ်လုံးနှင့် လဲလှယ်ပေးပါမည်။