Website မှ ကြိုက်နှစ်သက်ရာ မည်သည့်ပစ္စည်းကိုမဆို ၄၈ နာရီအတွင်း အိမ်တိုင်ရာရောက် အခမဲ့ဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးနေပါသည်။

Website မှ ကြိုက်နှစ်သက်ရာ မည်သည့်ပစ္စည်းကိုမဆို ၄၈ နာရီအတွင်း အိမ်တိုင်ရာရောက် အခမဲ့ဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးနေပါသည်။

Blog

iSure_blog_01

iOS 16 ကို Public Beta အနေနဲ့ Download ပြုလုပ်နိုင်ပြီ

ကိုယ့် iPhone ကို နောက်ဆုံးထွက်ထားတဲ့ iOS 16 ကို Update ပြုလုပ်ချင်တယ်၊ Error တွေ၊ Bug တွေ ပါလာတတ်တဲ့ Developer Beta ကိုလည်း အသုံးမပြုချင်တဲ့သူတွေအတွက် Apple ကနေ iOS 16 ကို Public Beta အနေနဲ့ တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Public Beta ဖြစ်သွားတဲ့အတွက် ယခင် Developer Beta တွေထက် ပိုပြီး Stable ဖြစ်လာပေမယ့် ကိုယ့်ဖုန်းမှာ အရေးကြီး Data တွေ သိမ်းထားတတ်တယ်ဆိုရင်တော့ Beta ဖြစ်နေတာကြောင့် အသုံးမပြုသင့်သေးဘဲ Stable Update ကိုပဲ စောင့်ဆိုင်းသင့်ပါသေးတယ်နော်…။

တကယ်လို့ iOS 16 Public Beta ကို အသုံးပြုချင်တယ်ဆိုရင်တော့ Apple Beta Software Program (https://beta.apple.com/sp/betaprogram/) မှာ သွားပြီး Apple ID နဲ့ Sign Up ပြုလုပ်ပြီး ကိုယ်အသုံးပြုချင်တဲ့ Device ကို Enroll ပြုလုပ်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Beta Profile ကို Download ပြုလုပ်ပြီးတာနဲ့ Update ကို Download ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ မပြုလုပ်ခင်မှာ ကိုယ့် iPhone ကို Backup ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။

အခု iOS 16 Public Beta Update မှာ iOS 16 ရဲ့ အရေးပါတဲ့ Feature တွေဖြစ်တဲ့ Lock Screen ပိုင်းပြောင်းလဲမှုတွေ၊ iMessage မှာ Unsend ပြုလုပ်နိုင်၊ Edit ပြုလုပ်နိုင်ပြီဖြစ်သလို ကျန်တဲ့ Feature တွေဖြစ်တဲ့ Photo Editing ပိုင်း ပြောင်းလဲမှုတွေ၊ Focus Mode အသစ်တွေနဲ့ Keyboard Haptics Feature တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

iOS 16 Public Beta Update နဲ့အတူ Apple ကနေ iPadOS 16 နဲ့ macOS Ventura အတွက်လည်း အလားတူ Public Beta Version တွေကို စတင်ထုတ်ပေးထားပါတယ်။

Older

WWDC 2022 Event မှာ ဘာတွေမိတ်ဆက်ခဲ့သလဲ

Newer

Lockdown Mode ပါဝင်လာတဲ့ iOS 16 Beta 3

Start typing to see products you are looking for.
Shopping cart
Sign in

No account yet?

Create an Account

Delivery

ကြိုက်နှစ်သက်ရာ မည်သည့်ပစ္စည်းကိုမဆို ၄၈ နာရီအတွင်း အိမ်တိုင်ရာရောက် အခမဲ့ဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးနေပါသည်။

၁၁နာရီမတိုင်ခင် မှာယူသူများအတွက် နေ့ချင်း Delivery ဝန်ဆောင်မှု (ရန်ကုန်နှင့်မန္တလေးသာ) အခြားမြို့များအား မှာယူသည့်နေ့တွင်ပင် Delivery အပ်ပေးပါသည်။

Return

၇ရက်အတွင်းဖြစ်ပေါ်သော မူလချို့ယွင်းမှုများ အတွက် 24နာရီ အတွင်း အာမခံအပြည့်ပါသော ပစ္စည်းများဖြင့် အစားထိုးပေးပါသည်။

We Accept

လွယ်ကူမြန်ဆန်တဲ့ M Banking ကနေ No Service Charges နဲ့ ငွေပေးချေ ဝယ်ယူနိုင်ပါပြီ။

Call Us 09969911666

Operating Hour 9:00am to 8:00pm

Packing ဖွင့်ပြီးခါစ iPhone Factory Error တွေ့ရှိပါက iSure မှ ချက်ခြင်း Warranty အပြည့်ပါသည့် အမျိုးအစားတူနောက်တစ်လုံးနှင့် လဲလှယ်ပေးပါမည်။