Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။

Old of iPhone 13 - (2) Years Extended Warranty Program

Warranty Terms and Condition

  • iSure မှဝယ်ယူထားသော Apple Device များတွက် Apple Official Warranty ကာလအတွင်း Factory Fault များဖြစ်ပေါ်လာခဲ့ပါက Apple Official (1) Year Warranty အပြည့်အဝခံစားခွင့်ရှိပါသည်။
  • Apple Official Warranty တစ်နှစ်ပြီးနောက် iSure မှထပ်တိုး (1) Year Extended Warranty ကိုခံစားခွင့် ရှိမည် ဖြစ်သည်။
  • iSure သည် Customer များနစ်နာမှုမရှိရလေအောင် iSure မှဝယ်ယူသော iPhone 13 များအပေါ် အောက်ပါအာမခံချက် ထပ်တိုးဝန်ဆောင်မှုများအတိုင်း ရောင်းချပေးပါသည်။
  1. Packing ဖွင့်ပြီးခါစ factory Error ရှိပါကချက်ခြင်း Warranty အပြည့်ပါသည့် အမျိုးတူ နောက်တစ်လုံး လဲပေးမည်။
  2. ဝယ်ယူပြီး (၁)ပတ်အတွင်း Factory Error ဖြစ်ပါက (၂၄)နာရီအတွင်း Warranty အပြည့် ပါသည့် အမျိုးအစားတူ နောက်တစ်လုံးလဲပေးမည်။
  3. ဝယ်ယူပြီး (၁)လအတွင်း Error ဖြစ်ပါက Apple ထံပို့၍စစ်ဆေးပေးမည်ဖြစ်ပြီး Error တွေ့ပါက (၁)ပါတ်အတွင်း Warranty အပြည့်ပါသည့် အမျိုးအစားတူ နောက်တစ်လုံးလဲပေးမည်။
  4. ဝယ်ယူပြီး (၁) လကျော်ပါက Apple ထံပို့၍စစ်ဆေးပေးမည်ဖြစ်သည်။ (၃) ပါတ်မှ (၅)ပါတ် ကြာမြင့်နိုင်မည်ဖြစ်ပြီး Factory Error မှန်ကန်ပါက Apple မှပြုပြင်ခြင်း၊ အသစ်လဲပေးခြင်းကို customer မှလက်ခံပေးရမည်။ အကယ်၍ Factory Error မဟုတ်ပါက မည်သည့်ပြုပြင်မှုမှ ဆောင်ရွက်ပေးမည်မဟုတ်ပဲ Apple မှဒဏ်ရိုက်ခဲ့လျှင် ဒါဏ်ကြေးငွေ USD 130 နှင့် iSure Service Fees တို့ကို Customer ဘက်မှပေးဆောင်ရပါမည်။

 

  • iSure အနေဖြင့် 2nd Year Extended Warranty ကိုအောက်ဖော်ပြပါ အခြေအနေများနှင့် ကိုက်ညီပါက ငြင်းပယ်ပိုင်ခွင့်ရှိသည်။
၁။ အချိန်ကာလ တစ်ခုတွင် သက်တမ်းကုန်မည့် ပစ္စည်းများ၊ သို့မဟုတ် အချိန်ကာလ တစ်ခုတွင် သက်တမ်းကုန်ရန်စီမံထုတ်လုပ်ထားသည့် ပစ္စည်းများ၊ ဥပမာ ဘက်ထရီများ (သို့မဟုတ်) ဆေး အရောင် နှင့် အဖုံးအကာများ၊ စသည်တို့မှာထုတ်လုပ်ကတည်းက ပစ္စည်းအရည်အသွေးချို့ယွင်းခြင်း (သို့မဟုတ်) လုပ်ဆောင်မှုချို့ယွင်းချက် ရှိခြင်းတို့ မတွေ့ရှိခဲ့လျင် ငြင်းပယ်ပိုင်ခွင့်ရှိသည်။
၂။ ပစ္စည်း၏လှပမှုအရည်အသွေးအားပျက်စီးစေသည့် ဥပမာ အစင်းရာ၊ အပွန်းရာ၊ အ ချိုင့်ဒဏ်ရာ၊ အားသွင်းကြိုးများ ပျက်စီးခြင်း၊ ဆက်သွယ်ပေါက်များ ပျက်စီးခြင်း၊ ပလပ်စတစ် အကျိုးအစများ အပေါက်များတွင်ပိတ်ဆို့ခြင်း၊ အခြားသောပြင်ပမှ တရားမဝင်ဖွင့် ပြင်ဆင်မှုများ စသည့် လုပ်ဆောင်ချက်များ တွေ့ ရှိပါက ငြင်းပယ်ပိုင် ခွင့်ရှိသည်။
၃။ Apple မှထုတ်လုပ်သောဆက်စပ်အစိတ်အပိုင်းများ (သို့မဟုတ်) ထုတ်ကုန်များ အား အသုံးမပြုဘဲ Apple မှသတ်မှတ်ထားသော စံချိန်စံနှုန်း (ပစ္စည်းတစ်ခုခြင်းစီအတွက် ဤသတ်မှတ်စံချိန် စံနှုန်းများအား www.apple.com တွင်ကြည့်ရှုနိုင်ပြီး၊ သိုလှောင်ရုံများတွင်လည်းရနိုင်ပါသည်။) ကိုက်ညီမှုမရှိသည့် အခြားသော ပစ္စည်းများအား အသုံးပြုမိ၍ ပျက်စီးပါက ငြင်းပယ်ပိုင်ခွင့်ရှိသည်။
၄။ မတော်တဆထိခိုက်မှု၊ အသုံးလွန်ကဲမှု၊ မှားယွင်းစွာသုံးမှု၊ မီးထိမီးစွဲမှု၊ အရည်တမျိုးမျိုးနှင့်ထိစိုမှု၊ ငလျင်ဒဏ်ခံရမှု၊ သို့မဟုတ် အခြားပြင်ပအကြောင်းကြောင့် ပျက်စီးရခြင်းများအတွက် ငြင်းပယ် ပိုင်ခွင့်ရှိသည်။
၅။ ဝယ်ယူထားသော Customer များအနေဖြင့် ကျွန်တော်များ iSure Service Center (SureFix) မှ အပ အခြားသော Service Center များတွင် သွားရောက်ပြင်ဆင်ခြင်း များ (အဆင့်မြှင့်ခြင်းများနှင့် တိုးချဲ့ခြင်းများ အပါအဝင်) ကြောင့် ပျက်စီးမှုဖြစ်ခဲ့ ပါက ငြင်းပယ်ပိုင်ခွင့်ရှိသည်။
၆။ သင် ဝယ်ယူထားသည့် Apple Product  အခိုးခံရသည်ဟုသက်ဆိုင်ရာပြည်သူ့အာဏာပိုင်များ မှတဆင့်သတင်းရရှိလျှင် (သို့မဟုတ်)  သင်ကိုယ်တိုင် Passcode ဖြင့် Unlock မလုပ်နိုင်ခြင်း (သို့မဟုတ်) အသုံးပြု ထားသော AppleID/iCloud ကို Logout လုပ်နိုင်ခြင်း မရှိ (သို့မဟုတ်) သင် သည် အမှန်ဆင်စစ် ပိုင်ရှင် ဖြစ်ကြောင်း သက်သေ အထောက် ထား တစ်စုံတစ်ရာ မပြနိုင်လျှင် ငြင်းပယ်ပိုင်ခွင့်ရှိသည်။

မှတ်ချက်။          ။ 1 Year Official Warranty ကာလ နှင့် 1 Year Extended Warranty ကာလ အတွင်း Warranty ကိစ္စများ လာရောက် ဆောင်ရွက် ရာတွင် လူကြီးမင်းတို့ ၏ Data များ ကို ERASE လုပ်ရပါမည်။ AppleID/iCloud ဝင်ထားခြင်းရှိလျှင် အောက်မြင် စွာ Log Out ပြုလုပ် ပြီးမှ သာ Warranty ကိစ္စများကို ဆက်လတ် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။​ 

Warranty ကိစ္စများဆောင်ရွက်ရာတွင် Customer ဘက်မှလည်း အောက်ပါအချက်များကို မဖြစ်မနေပေးရ ပါမည်။

    1. iCloud, Find My iPhone, Passcode တို့ကိုဖြုတ်ထားရပါမည်။ Customer ဘက်မှ အဆိုပါကိစ္စများ ဆောင်ရွက်နိုင်ခြင်း မရှိပါက Apple ဘက်မှလည်း Warranty ကိစ္စများကို တာဝန်ယူဆောင်ရွက်ပေးနိုင်မည် မဟုတ်သလို iSure Service Center ဘက်မှလည်း Warranty ကိစ္စရပ်များကိုဆက်လက်ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါ။
    2. Device အတွင်းရှိ မိမိ Data များကို Backup လုပ်ထားပေးပါ။ ဆုံးရှုံးမှုများဖြစ်ပေါ်လာခဲ့ပါက iSure မှတာဝန်ယူမည်မဟုတ်ပါ။
    3. အမျိုးအစားတူ အစားထိုးလဲလှယ်ပေးရာတွင် Apple မှအစားထိုးလဲပေးထားသည့် ပစ္စည်း သို့မဟုတ် iSure မှ အစားထိုးလဲလှယ်ပေးသော အမျိုးအစား အရေသွေးတူ ပစ္စည်းများကိုလဲ Customer များအနေဖြင့်လက်ခံနိုင်ရမည်ဖြစ်ပါသည်။ ပစ္စည်းပြတ်လပ်မှုရှိနေပါက ကျွန်တော်များ iSure Service Center မှကျွမ်းကျင်ပညာရှင်များမှ ပြုပြင်ပေးခြင်းကိုလဲ လက်ခံပေးရမည်ဖြစ်သည်။ iSure အနေဖြင့် မိမိတို့၏ Customer များနှင့် ညှိနှိုင်းလဲလှယ်ပေးမည့် အချိန်ကို Customerများအနေဖြင့် စောင့်ဆိုင်းပေးရမည် သို့တည်းမဟုတ် လူကြီးမင်းတို့ အစဥ်ပြေသော ပစ္စည်းများနှင့်လည်း ညှိနှိုင်းလဲလှယ် ဆောင်ရွက်နိုင် ပါသည်။
    4. အမျိုးအစား အရည်သွေးတူ ပစ္စည်းများကို လဲလှယ်ပေးရာတွင်လဲ မိမိတို့သတ်မှတ်ထားသော 2 Years Extended Warranty ကုန်ဆုံးချိန်ထိ အကျုံးဝင်သည်။

ရှင်းလင်းချက်

  1. Apple ထံသို့ပို့ဆောင်၍ Error စစ်ဆေးရာတွင် 1Year Official Warranty ကာလအတွင်း Apple ၏စစ်ဆေးချက်၊ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ကြောင်း Customer အနေဖြင့် လက်ခံပေးရမည်။
  2. 2nd Year Extended Warranty ကို ကျွန်တော်များ iSure Service Center မှ customer များအတွက် အထက်ပါ Terms and Conditions များအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
  3. Device အတွင်းရှိ မိမိ Data များကို Backup လုပ်ထားပေးပါ။ ဆုံးရှုံးမှုများဖြစ်ပေါ်လာခဲ့ပါက iSure မှတာဝန်ယူမည်မဟုတ်ပါ။