- နာမည်ကြီး Aukey Brand မှ Apple iPhone အပါအဝင် စမတ်ဖုန်းတွေ၊ Digital Optical နဲ့ 3.5mm Wireless Audio Adapter နဲ့ ချိတ်ဆက်အသုံးပြုထားနိုင်မယ့် BR-08 Bluetooth 5.0 Transmitter Receiver 2-in-1 ဖြစ်ပါတယ်။
- Bluetooth 5.0 ကို အသုံးပြုထားတာကြောင့် Pair ပြုလုပ်တဲ့အချိန်မှာ ပိုပြီး မြန်ဆန်စေမှာဖြစ်သလို Connection Range အနေနဲ့လည်း ၅၀ မီတာ(၁၆၄ ပေ) အထိရှိမှာဖြစ်ပါတယ်။
- Bluetooth Codec ကို AptX Low Latency (LL) ကို အသုံးပြုပေးထားတာကြောင့် ချိတ်ဆက်ထားတဲ့အချိန်မှာ အသံနောက်ကျတာမျိုးကို ကြုံတွေ့ရမှာမဟုတ်ပါဘူး။
- AptX Low Latency ကို Support ပြုလုပ်တဲ့ Headphone ၊ Speaker တွေနဲ့ တွဲဖက်အသုံးပြုပါက Latency အနေနဲ့ 40ms အောက်ပဲရှိမှာဖြစ်ပြီး တခြားသော Device တွေနဲ့ အသုံးပြုပါက Latency အနေနဲ့ 70~220ms အတွင်းရှိနိုင်ပါတယ်။
- Dual Device Connection ဖြစ်တာကြောင့် Bluetooth Headphone ၂ ခုကို တပြိုင်တည်းချိတ်ဆက်ထားနိုင်ပါတယ်။
- Optical Port တစ်ခုထဲပါတဲ့ TV နဲ့တွဲဖက်အသုံးပြုပါက TV နှင့် Soundbar ကြားထဲမှာ ကြားခံအနေနဲ့အသုံးပြုနိုင်ပြီး Soundbar အပြင် Headphone ကိုပါ တိုက်ရိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
- Transmitter Mode ၊ Receiver Mode စတဲ့ Bluetooth Mode အပြင် Wired Mode အတွက် Bypass Mode ကိုလည်း ထည့်သွင်းပေးထားပါတယ်။
- High Quality Audio ကို ထောက်ပံ့ပေးဖို့အတွက် Digital Optical ၊ AUX ၊ RCA Audio Output Standard တွေအကုန်လုံးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
- Minimal Design ကို အသုံးပြုထားပြီး Control တွေအတွက် All-in-one အသုံးပြုနိုင်မှာဖြစ်ပါတယ်။
- 1 Year Limited Warranty.