- နာမည်ကြီး Aukey Brand မှ Apple iPhone အပါအဝင် စမတ်ဖုန်းတွေအတွက် အသုံးပြုနိုင်အောင် ထုတ်လုပ်ပေးထားတဲ့ PB-N74S Basix Plus 22.5W PD QC 3.0 20000mAh Power Bank ဖြစ်ပါတယ်။
- 18W အထိ ထုတ်ပေးနိုင်တဲ့ Power Delivery 3.0 နဲ့ Quick Charge 3.0 ကို Support ပြုလုပ်ထားတာကြောင့် iPhone 12 ကို 0-60% အထိ မိနစ် ၃၀ ဝန်းကျင်အတွင်း အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။
- Huawei Supercharge Protocol (SCP) ကို ထောက်ပံ့ပေးနိုင်ပြီး SuperCharge USB-C Cable ပါဝင်တာကြောင့် Huawei Device တွေကို 22.5W အထိ အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။
- USB-C to USB-C Cable ပါဝင်ပြီး ပြန်လည်အားသွင်းမယ်ဆိုရင်လည်း 18W နှင့် Power Delivery Charger ကို အသုံးပြုပြီး အချိန် ၆ နာရီမှ ၇ နာရီအတွင်း အားအပြည့်ပြန်သွင်းနိုင်မှာဖြစ်ပါတယ်။ ပြန်လည်အားသွင်းတဲ့အချိန်မှာလည်း USB-C အပြင် MicroUSB သို့မဟုတ် Lightning Cable ကို အသုံးပြုပြီး အားသွင်းနိုင်ဦးမှာဖြစ်ပါတယ်။
- Power အားဘယ်လောက်ကျန်သေးသလဲဆိုတာကို သိရှိနိုင်မယ့် LED Indicator ပါဝင်မှာဖြစ်ပါတယ်။
- Security ပိုင်းအတွက် Excessive Current ၊ Overheating နဲ့ Overcharging တွေကို ကာကွယ်ပေးနိုင်မယ့် Built-in Safeguard နည်းပညာကို ထည့်သွင်းပေးထားပါတယ်။
- 18 Months Limited Warranty.