- Ringke Brand ကနေထုတ်ပေးထားတဲ့ iPhone 13 Series ဖုန်းတွေအတွက် Air Case ဖြစ်ပါတယ်။
- အလွန်ပါးလွှာပြီး Flexible ဖြစ်တဲ့ Design ကြောင့် ပေါ့ပါးနေမှာဖြစ်ပါတယ်။
- Double TPU Protection Layer Cushion တွေပါဝင်တာကြောင့် ပြုတ်ကျမှုတွေနဲ့ ထိခိုက်မှုတွေကို ကာကွယ်နိုင်မှာပါ။
- Display ကို ထိခိုက်မှုမရှိစေဖို့အတွက် ဘေးဘောင်တွေကို အနည်းငယ်မြှင့်တင်ထားတာဖြစ်ပါတယ်။
- လက်ထဲမှာ ချိတ်ထားဖို့ပဲဖြစ်ဖြစ် ကြိုးတွေချိတ်ထားနိုင်မယ့် Lanyard Hole တွေပါဝင်မှာဖြစ်ပါတယ်။
- Wireless Charging ကိုပါ အသုံးပြုနိုင်ပြီး Screen Protector တွေလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
စိန်မှုန် ပါတဲ့ ကာဗာလေး သိပ်သဘောကျ ၊ တော်တော်များများမှာ ရှာရခက်တယ် ။ ဖြုတ်ရတပ်ရတာလဲ သက်သာလို ကြိုက်တယ် ပြီးတော့ သုံးလလောက်ရှိပြီ မဝါသေးဘူး တချို့ ကာဘာတွေဆို ခုထိ မခံဘူး ဝါကုန်ပြီ အဲ့တာလေးတော့ တော်တော် သဘောကျမိပြီး ကြိုက်တယ် ဗျာ။
ခဏခဏ လွတ်ကျတတ်တော့ Cover အထူကြီးတွေ တပ်တပ်နေရတာ Ringke cover စမ်းဝယ်တပ်ကြည့်တာ ပြုတ်ကျတိုင်း ရင်သိပ်မခုန်ရတော့ဘူး မဆိုးပါဘူး 😁
Air Case Clear လေးကို ပိုကြိုက်တယ် iPhone ရဲ့ Original အရောင်နဲ့ အလှ ကိုပိုပီး မြင်သာလို့အရမ်းကြိုက်ပါတယ်။ဘောင်က မှန်ကိုcoverဖြစ်တဲ့ထိ လုံတာမို့ အဆင်ပြေပါတယ်။
ဖုန်းရဲ့အလှကိုပေါ်လွင်စေတဲ့အပြင် အသားတံဆိပ်ပါတဲ့ အတွက်ကြောင့် Premium ဆန်တဲ့ခံစားချက်ကိုရစေပါတယ်