- နာမည်ကြီး Verbatim Brand ကနေ ထုတ်လုပ်ထားတဲ့ MacBook အပါအဝင် တခြားသော Device တွေမှာ အသုံးပြုနိုင်တဲ့ Vx560 External SSD ဖြစ်ပါတယ်။
- USB A Interface ကိုမှ USB-A to USB-C cable ကိုလည်း ထည့်သွင်းပေးထားတာကြောင့် MacBook တွေအပါအဝင် တခြားသော ကွန်ပျုတာတွေနဲ့ အလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။
- 512GB Version မှာဆိုရင် Read Speed ကို 490MB/s နဲ့ Write Speed ကို 450MB/s အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ 1TB Version အနေနဲ့ကတော့ 550MB/s Read Speed နဲ့ 500MB/s Write Speed အထိရရှိနိုင်မှာဖြစ်ပါတယ်။
- ကိုယ်ထည်ကို Aluminum Metal Unibody ဖြင့်ပြုလုပ်ထားပြီး အရွယ်အစားအနေနဲ့လည်း အလွန်သေးငယ်မှာဖြစ်ပါတယ်။
- အရွယ်အစားအလွန်သေးငယ်ပြီး အလေးချိန်ကလည်း 51g ဖြစ်တာကြောင့် သယ်ဆောင်ရအလွယ်ပေါ့ပါးနေမှာဖြစ်ပါတယ်။ အထူကလည်း 10.5mm ပဲရှိတာကြောင့် ဘောင်းဘီအိတ်ထဲမှာ အလွယ်တကူသယ်ဆောင်သွားနိုင်ပါတယ်။
- UASP Support ပါဝင်တာကြောင့် ပုံမှန် USB 3.0 နဲ့ယှဥ်ရင် Read Speed ကို ၇၀ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်စေမှာဖြစ်ပြီး Write Speed ကိုလည်း ၄၀ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။
- ကိုယ့်အသုံးပြုတဲ့အပေါ်မှုတည်ပြီး Storage ကို 512GB သို့မဟုတ် 1TB အနေနဲ့ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
- 3 Years Limited Warranty ပါဝင်မှာဖြစ်ပါတယ်။
Reviews
There are no reviews yet.