Blog

blog ipad ringke shield

iPad ကို Keyboard နဲ့သုံးတတ်တဲ့သူတွေအတွက်

ကိုယ့် iPad ကို ပုံဆွဲဖို့ သုံးနေတတ်တဲ့သူတွေရှိသလို Social Media ၊ Entertainment ပိုင်းတွေအတွက် သုံးနေတဲ့သူတွေရှိကြမှာပါ။ ဘာကြောင့်ပဲ iPad သုံးသုံး၊ ကိုယ့်ရဲ့ iPad ကို ထိခိုက်ပွန်းပဲ့မှုတွေဖြစ်မှာကိုတော့ လိုလားကြမှာမဟုတ်ပါဘူး။

ဒီအတွက် iPad ကို Cover တွေ၊ Case တွေတပ်သုံးတာက ကာကွယ်နိုင်ပေမယ့် တကယ်လို့ ကိုယ်က Apple Smart Keyboard Folio တွေ၊ Magic Keyboard တွေနဲ့ အသုံးပြုနေတယ်ဆိုရင် Cover တွေ၊ Case တွေကိုတပ်ဖို့အဆင်မပြေတာမျိုးရှိတတ်ပါတယ်။ ဒါကြောင့် Keyboard သုံးမယ်ဆိုရင် တစ်ဖက်မှာ iPad ကို ကာကွယ်ဖို့က ခက်ခဲသွားတတ်ပါတယ်။ ဒီလိုမျိုးအခြေအနေတွေအတွက် အဆင်ပြေစေမယ့် Product လေးတစ်ခုကို ညွှန်းပေးချင်ပါတယ်။ 

01 Large 1ec4aac8 f4ef 45bc b35b c8c47d51b9ae 600x600
ဒါကတော့ ကိုရီးယားနိုင်ငံထုတ် Ringke Brand ကနေ ထုတ်ပေးထားတဲ့ iPad 11″ အတွက် Frame Shield ပဲဖြစ်ပါတယ်။ ဒီ Ringke Frame Shield ဟာ iPad Pro 11″ ကို Keyboard နဲ့တွဲဖက်အသုံဲးပြုမယ်ဆိုရင် လွတ်နေတတ်တဲ့ ကိုယ်ထည်အပေါ်ဘက်နဲ့ အောက်ဖက်ကို အဓိက ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
02 Large fa10f072 759e 43da adf1 97ed662c5ead 600x600
ဒီလိုမျိုး အရေးကြီးအစိတ်အပိုင်း ၂ ခုကို ကာကွယ်ပေးထားတာကြောင့် Ringke Frame Shield ကို တပ်ထားမယ်ဆိုရင် ပွန်းရာ၊ စင်းရာတွေတင်မဟုတ်ဘဲ ပြုတ်ကျရင်တောင် ထိခိုက်မှုကို ကာကွယ်ပေးနိုင်မှာပါ။ အကြမ်းခံနိုင်တဲ့ Polycarbonate သားအပြင် တပ်တဲ့အချိန်မှာလည်း ကပ်အားကောင်းတဲ့ Double-sided Tape တွေကြောင့် မြဲနေစေမှာဖြစ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် ဖြုတ်ပြီး ပြန်တပ်မယ်ဆိုရင်လည်း အဆင်ပြေစေဖို့အတွက် Double-sided Tape အပိုတွေလည်းပါဝင်ဦးမှာပါ။
04 Large 127d7c1f 0c16 45bb a698 77d025ee5aa7 600x600
နောက်ထပ် ဒီလိုမျိုး Frame Shield ကပ်ထားပေမယ့်လည်း iPad Pro ရဲ့ ခလုတ်တွေ၊​ Charging Port ၊ Speaker Port တွေကို အတိအကျ Cutout လုပ်ပေးထားတာကြောင့် အသုံးပြုတဲ့အချိန်မှာလည်း လုံးဝ Fit ဖြစ်နေစေမှာဖြစ်ပါတယ်။
06 Large f6130240 1a6b 46a5 b025 6dbceb322980 600x600
iPad ကို Keyboard နဲ့တွဲဖက်တဲ့အချိန်မှာ ကိုယ့်စိတ်ကြိုက် Viewing Experience ကို ရရှိစေဖို့အတွက် Neodymium Magnet ၂ ခုကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။
ဒီလိုမျိုး အားသာချက်တွေကြောင့် ကိုယ်က iPad Pro 11″ ကို Keyboard နဲ့လည်း တွဲဖက်အသုံးချင်တယ်၊ iPad ကိုလည်း ကာကွယ်ချင်တယ်ဆိုရင် ဒီ Ringke Frame Shield လေးကို အခုပဲ iSure Website နဲ့ နီးစပ်ရာ iSure ဆိုင်တွေမှာ ဝယ်ယူနိုင်ပြီနော်…။​
Older

M1 Pro MacBook Pro 14-inch နဲ့ 16-inch ကို ဘယ်သူတွေဝယ်သင့်သလဲ

Newer

Sit-Stand Desk နဲ့ အလုပ်လုပ်တာက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရရှိနိုင်မလဲ

Start typing to see products you are looking for.
Shopping cart
Sign in


No account yet?

Create an Account

Delivery

Same Day Delivery ဝန်ဆောင်မှုအား (ရန်ကုန်နှင့်မန္တလေး)သာ ရရှိနိုင်ပါသည်။

အခြားမြို့များအတွက် မှာယူသည့်နေ့တွင် သက်ဆိုင်ရာ Delivery Service အပ်ပေးပါသည်။

Return

၇ရက်အတွင်းဖြစ်ပေါ်သော မူလချို့ယွင်းမှုများ အတွက် 24နာရီ အတွင်း အာမခံအပြည့်ပါသော ပစ္စည်းများဖြင့် အစားထိုးပေးပါသည်။

We Accept

လွယ်ကူမြန်ဆန်တဲ့ M Banking ကနေ No Service Charges နဲ့ ငွေပေးချေ ဝယ်ယူနိုင်ပါပြီ။

Call Us 09880441122

Operating Hour 9:00am to 7:30pm

Packing ဖွင့်ပြီးခါစ iPhone Factory Error တွေ့ရှိပါက iSure မှ ချက်ခြင်း Warranty အပြည့်ပါသည့် အမျိုးအစားတူနောက်တစ်လုံးနှင့် လဲလှယ်ပေးပါမည်။