Apple User တွေအတွက် အဆင်အပြေဆုံး Smart TV Box ကို ညွှန်းပါဆိုရင် Apple TV 4K (2021) ကို ညွှန်းပေးရမှာပါ။ အခုနောက်ဆုံးထွက်ထားတဲ့ Apple TV 4K (2021) ဟာ ယခင်တုန်းက Apple TV 4K Model ထက် ဘယ်အချက်တွေ ပိုကောင်းလာမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
Faster A12 Bionic Processor
————————–
Apple TV 4K (2021) ရဲ့အကြီးမားဆုံးပြောင်းလဲမှုတွေထဲကတစ်ခုကတော့ Processor ပိုင်းကို A10X Fusion Chip ကနေ A12 Bionic ကို အဆင့်မြှင့်တင်ပေးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်း ရေရှည် Update တွေအတွက် ပိုပြီး အဆင်ပြေစေမှာပါ။ လောလောဆယ်မှာတော့ Apple tvOS ဟာ အတူတူပဲဖြစ်တာကြောင့် သိသိသာသာကြီး အသုံးပြုရတာ ယခင် Apple TV 4K ထက် ပြောင်းလဲသွားမှာတော့မဟုတ်ပါဘူး။
All New Siri Remote
——————–
Apple TV 4K 2021 မှာတော့ Siri Remote ကို လုံးဝ Design ပြောင်းလဲခဲ့ပြီး One-piece Aluminum Design ကို အသုံးပြုထားတာကြောင့် လက်ထဲကိုင်ထားရတာက အစ သိသိသာသာကို ပိုပြီးအဆင်ပြေစေမှာဖြစ်ပါတယ်။ “Five-way Directional Button” ကိုလည်း ထည့်သွင်းပေးထားပြီး Scrolling Motion ပါဝင်တာကြောင့် Rewind သို့မဟုတ် Fast-forward ကို လွယ်လွယ်ကူကူပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Siri Remote အသစ်ဟာ Apple TV 4K တင်မဟုတ်ဘဲ TV အတွက်ပါ Controls တွေပါဝင်တာကြောင့် TV ကိုပါ Remote တစ်ခုထဲနဲ့ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားမှာပါ။ အဲ့ဒါကြောင့် ယခင် Apple TV မှာ ပါဝင်တဲ့ Remote ကို အသုံးပြုရတာနဲ့ ယှဥ်ရင် အရမ်းကို လွယ်ကူမြန်ဆန်စေမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်တိုင် Navigate မပြုလုပ်ချင်ဘူးဆိုရင်လည်း Siri ကနေလည်း ကိုယ့်အသံနဲ့ ခိုင်းစေနိုင်မှာဖြစ်ပါတယ်။
Wi-Fi 6 Support
—————
အခုဆိုရင် Apple iPhone တွေအပြင် Mac ကွန်ပျူတာတွေပါ Next Gen Wi-Fi Standard ဖြစ်တဲ့ Wi-Fi 6 ကို Support ပြုလုပ်နေပြီဖြစ်ပါတယ်။ အဲ့ဒီလိုပဲ Apple TV 4K (2021) ကလည်း Wi-Fi 6 ကို Support ပြုလုပ်ထားတာကြောင့် နောက်ပိုင်းမှာ ကိုယ်က Wi-Fi 6 ကို အဆင့်မြှင့်တင်ဖို့ရှိတယ်ဆိုရင် Apple TV 4K (2021) က ပိုပြီး Long Term အတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။
HDMI 2.1
———-
Apple TV 4K (2021) ဟာ HDMI Version ကိုလည်း အဆင့်မြှင့်တင်ထားပြီး HDMI 2.1 Port ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် နောက်ဆုံးထွက်ရှိထားတဲ့ HDMI 2.1 Support ပြုလုပ်တဲ့ TV တွေနဲ့ အလိုက်ဖက်ဆုံးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Frame Rate အနေနဲ့ကတော့ လောလောဆယ်မှာ Apple TV 4K (2021) က 60fps ကိုပဲ ထောက်ပံ့ပေးနိုင်ပေမယ့် နောက်ပိုင်းမှာ 120Hz Refresh Rate ကို Application တွေမှာ Support ပေးလာရင်လည်း Apple TV 4K (2021) ဟာ အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။
HOTLINE: 09 969 911 666/ 09 773 000 099
.
iSure – Botahtaung Branch, Yangon
No. 111, Botahtaung Pagoda Road (Lower Block), Yangon.
Open Daily – 8:30 a.m. to 3:30 p.m.
.
iSure – Mandalay Branch
G(3/4), 78th Street, Between 30th & 31st Street, Mandalay.
Open Daily – 8:30 a.m. to 4:00 p.m.
.
iSure – Times City Branch, Yangon
Room No. 209, (Level 2) Times Mall, Times City, Yangon.
Open Daily – 9:00 am to 4:00 pm.