ယခင်တုန်းက iSure မှာ လူအများအပြားစိတ်ဝင်စားပြီး အရမ်းအောင်မြင်ခဲ့တဲ့ All Fine Promotion ကို အခုအချိန်မှာ Repair အတွက် သီးသန့်ခွဲထွက်ထားတဲ့ SureFix မှာ ပြန်လည်အသက်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။
အခု Article မှာတော့ SureFix ရဲ့ All Fine Promotion မှာ ဘာတွေပါဝင်သလဲ၊ ဘယ်လိုမျိုး Terms & Conditions တွေပါဝင်မလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
အရင်ဆုံးအနေနဲ့ လောလောဆယ်မှာ All Fine Promotion ဟာ iPad တွေအတွက်ပဲအကျုံးဝင်ဦးမှာဖြစ်ပြီး iPhone တွေအတွက်ကတော့ နောက်ပိုင်းမှာ ဆောင်ရွက်သွားဖို့ စီစဥ်နေတာဖြစ်ပါတယ်။ အချိန်အနေနဲ့ကတော့ ပစ္စည်းလက်ကျန်ရှိတဲ့အထိပဲဖြစ်တာကြောင့် အရင်ဆုံးသက်ဆိုင်ရာ SureFix ဆိုင်ခွဲတွေကို အရင်မေးမြန်းဖို့လိုမယ်နော်…။
iPad All Fine Promotion နဲ့ပတ်သက်ပြီး အသေးစိတ်အနေနဲ့ကတော့…
– All Fine Promotion နဲ့ လာရောက်ပြီး ပြုပြင်တဲ့ iPad တွေကို ပုံမှန်အတိုင်းအကောင်းအနေနဲ့ သုံးနိုင်တဲ့အခြေအနေတစ်ခုရောက်တဲ့ထိ ပြန်လည်ပြင်ဆင်ပေးမှာဖြစ်ပါတယ်။
– လဲလှယ်သည့် အစိတ်အပိုင်းများအတွက် Warranty ကို (၆) လ ရရှိမှာဖြစ်ပါတယ်။
– Service ပြုလုပ်သည့် ကြာချိန်သည် ပြုပြင်ရမည့်အခြေအနေနဲ့ တခြားသောအခြေအနေများကြောင့် ဆိုင်သို့ရောက်ရှိမှသာ သိရှိနိုင်မှာဖြစ်ပါတယ်။
– iPad Motherboard ပြုပြင်မှုတွေဟာ All Fine Promotion ထဲမှာ အကျုံးဝင်မှာဖြစ်ပါတယ်။
– Camera လဲလှယ်မှုတွေအတွက် Focus မပြတ်ခြင်း၊ ဓါတ်ပုံအရည်အသွေးမကောင်းခြင်း နဲ့ ဖွင့်မရတဲ့အခြေအနေတွေမှာသာ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
– Speaker လဲလှယ်မှုတွေအတွက် အသံအက်နေခြင်း၊ ပုံမှန်ထက်တိုးနေခြင်း၊ ဖွင့်မရတဲ့အခြေအနေတွေမှာသာ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
– Dock လဲလှယ်မှုကို အားသွင်းခြင်းနဲ့ Data Transfer Issue ရှိနေမှသာ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
– Battery လဲလှယ်မှုကို Service ပြနေခြင်း၊ ဖောင်းနေခြင်း၊ သိသိသာသာအားကုန်မြန်နေခြင်းတွေအတွက်ပဲ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
– ယခု All Fine Promotion သည် iPad Body Cover လဲလှယ်ခြင်း ပါဝင်မှာမဟုတ်ပါဘူး။
တကယ်လို့ အထက်ပါ အချက်တွေထဲမှာ တစ်ခုခုအပြောင်းအလဲရှိခဲ့ပါကလည်း SureFix Facebook Page မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
