Blog

blog2 new

Mac ကွန်ပျူတာသုံးရင် Virus ပြဿနာ မကြုံတွေ့ရတာက ဘာကြောင့်ဖြစ်မလဲ 

Apple ရဲ့ MacBook လိုမျိုး Mac ကွန်ပျူတာတွေကို အသုံးပြုနေတယ်ဆိုရင် Virus ပြဿနာကို ကြုံတွေ့ရတာ အလွန်နည်းပါးမှာဖြစ်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင် Apple ဟာ macOS ကို တခြားသော OS တွေနဲ့ယှဥ်ရင် Security ပိုင်းအရ အလွန်ကောင်းမွန်အောင်လုပ်ပေးထားတာကြောင့် ဖြစ်ပါတယ်။

Virus သို့မဟုတ် Malware ဝင်ရောက်တာက ကိုယ်မှားယွင်းနှိပ်မိလိုက်တဲ့ Website သို့မဟုတ် File တွေကို မှားယွင်းနှိပ်မိတာကနေ ကိုယ့် System File တွေကို ရယူပြီး ကွန်ပျူတာကို နှေးကွေးအောင်ပြုလုပ်တာ၊ File တွေကို ဖျက်ပစ်တာ သို့မဟုတ် Personal Information တွေကို ရယူတာအထိ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အကောင်းဆုံးက ကိုယ်ကလည်း ကွန်ပျူတာကို အဓိကထားပြီး အလုပ်လုပ်နေရတယ်ဆိုရင် Virus ဝင်ရောက်ခြင်းမရှိအောင် ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ အဲ့ဒါကြောင့် ကိုယ့် Security အတွက်ဆိုရင် Mac ကွန်ပျူတာတွေက ရွေးချယ်ဖို့အသင့်တော်ဆုံးဖြစ်နေပါတယ်။ 

အခု Article မှာတော့ ဘာကြောင့် Mac ကွန်ပျူတာတွေက Windows PC တွေလောက် Virus နဲ့ Malware ပြဿနာကို ကြုံတွေ့ရခြင်းမရှိတာလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 

  1. Apple ဟာ macOS ကို Unix Platform ကို အခြေခံပြီး တည်ဆောက်ထားခြင်း 

MIcrosoft ရဲ့ Windows ကို တည်ဆောင်ခဲ့စဥ်တုန်းက Microsoft ရဲ့ ကိုယ်ပိုင် Software Platform တစ်ခုဖြစ်တဲ့ MS-DOS ကို အခြေခံပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Apple ကတော့ macOS ကို စတင်မိတ်ဆက်တဲ့အချိန်မှာ Unix လို့ အမည်ရတဲ့ Open-Source Platform ကို အခြေခံပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ 

Unix Platform ဟာ အဲ့ဒီအချိန်ထဲက Stability နဲ့ Security Feature ပိုင်းမှာ MS-DOS ထက် ပိုပြီး သာလွန်နေတာဖြစ်ပါတယ်။ Microsoft ကလည်း Windows XP နောက်ပိုင်းမှာ MS-DOS ကို အသုံးပြုခြင်းမရှိတော့ဘဲ ပါဝင်တဲ့ Platform Level Security Feature တွေကိုပါ ပြန်လည်ဖြုတ်သိမ်းခဲ့တာဖြစ်ပါတယ်။ တဖက်မှာတော့ Open-Source Platform ဖြစ်တဲ့ Unix ဟာ macOS အပါအဝင် Linux ၊ PlayStation 4 နဲ့ Router Firmware တွေလိုမျိုးတွေအထိ လုံခြုံရေးပိုင်း အရေးကြီးတဲ့ Product တွေမှာသုံးစွဲလာခဲ့တာဖြစ်ပါတယ်။ 

Unix Platform ကိုယ်တိုင်က Security ပိုင်း ကောင်းမွန်သလို Apple ကိုယ်တိုင်ကလည်း အမြဲတမ်း macOS ရဲ့ Security ပိုင်းကိုအလေးထားပြီး စစ်ဆေးနေတာကြောင့် အခုလိုမျိုး Security ပိုင်းမှာ ထိပ်တန်းအဆင့်ရှိနေတာဖြစ်ပါတယ်။ 

  1. App အသစ်တိုင်းကို စစ်ဆေးပေးတဲ့ Gatekeeper ရှိနေခြင်း

တကယ်လို့ Mac ကွန်ပျူတာပေါ်မှာ App Store ကမဟုတ်တဲ့ App တစ်ခုခုကို Download ပြုလုပ်ပြီးပြီဆိုရင် ဖွင့်မရတာမျိုး ကြုံတွေ့ဖူးကြမှာပါ။ ဒါက ဘာကြောင့်လဲဆိုရင် Gatekeeper ကြောင့်ဖြစ်ပါတယ်။

Gatekeeper ဆိုတာကတော့ App Store က မဟုတ်တဲ့ App တွေကို Download ပြုလုပ်မိတာနဲ့ စစ်ဆေးပေးတဲ့ Security Feature တစ်ခုဖြစ်ပါတယ်။ စစ်ဆေးတဲ့အချိန်မှာလည်း App ရဲ့ Code ကို XProtect နဲ့ စစ်ဆေးမှာဖြစ်ပြီး တကယ်လို့ မသင်္ကာစရာရှိနေပြိဆိုရင် Install ပြုလုပ်ခွင့်ပေးမှာမဟုတ်ဘဲ သတိပေးသွားမှာဖြစ်ပါတယ်။ 

Gatekeeper ကို Bypass လုပ်ချင်တယ်ဆိုရင်တော့ “Control” ကို ဖိထားပြီး App ကို Click နှိပ်လိုက်တာနဲ့ Bypass ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်မသိတဲ့ App တွေကို Download ပြုလုပ်မိပြီး Install မပြုလုပ်ခင်မှာ အခုလိုမျိုး စစ်ဆေးပေးတာကြောင့်လည်း Virus ဝင်ရောက်မှုကို ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ 

  1. App တွေကို Sandbox နည်းပညာဖြင့် ခွဲခြားပေးနိုင်ခြင်း 

Apple macOS ဟာ Windows OS ထက် Sandboxing နည်းပညာကို အသုံးပြုနေတဲ့ OS တစ်ခုဖြစ်ပါတယ်။ Sandbox နည်းပညာကို အလွယ်ပြောရမယ်ဆိုရင် Download ပြုလုပ်နေတဲ့ Third-party App တွေကို System Level အထိ ဝင်ရောက်နိုင်တဲ့ Permission မရှိအောင် Virtual Barrier တစ်ခုအနေနဲ့ တားဆီးပေးထားတာဖြစ်ပါတယ်။

ဒီလိုမျိုး ပြုလုပ်ထားတာကြောင့် macOS ပေါ်မှာ App တွေဟာ Virus ပါဝင်နေတယ်ဆိုရင်တောင်မှ System File တွေကို ထိခိုက်အောင် ပြုလုပ်နိုင်မှာမဟုတ်တော့ပါဘူး။ Apple ဟာ ပြီးခဲ့တဲ့ macOS Catalina ကစတင်ပြီး App တွေအနေနဲ့ File and Folders ၊ Sreen Recording ၊ Camera ၊ Photos နဲ့ တခြားသော Categories အလိုက် Permission ပြန်တောင်းရမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် App တွေရဲ့ Privacy ကို အသေးစိတ်သိရှိချင်တယ်ဆိုရင် System Preferences > Security & Privacy > Privacy မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ကိုယ့်စိတ်ကြိုက် App တွေရဲ့ Permission ကို ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ 

  1. Security Layer တစ်ခုအနေနဲ့ သီးသန့်ထည့်သွင်းထားတဲ့ SIP 

macOS ဟာ System File တွေကို မတော်တဆဖျက်မိတာ၊ ထိခိုက်မိခြင်းမရှိအောင်လည်း Defense System တဖြစ်လဲ Security Layer တစ်ခုကို ထည့်သွင်းပေးထားပါသေးတယ်။ ဒါကိုတော့ System Integrity Protection သို့မဟုတ် SIP လို့ ခေါ်ဆိုထားတာဖြစ်ပါတယ်။ 

Apple ဟာ SIP ကို macOS X El Capitan ကစတင်ပြီး ထုတ်ပေးခဲ့တာဖြစ်ပြီး Malware တွေကို System File တွေကို တိုက်ခိုက်နိုင်ခြင်းမရှိအောင် အဓိကကာကွယ်ပေးထားတာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ macOS ရဲ့ System File တွေကို ပြုပြင်စမ်းသပ်ချင်တယ်ဆိုရင်လည်း Apple ကနေ SIP ကို Disable ပြုလုပ်နိုင်အောင် အလွယ်ပြုလုပ်ပေးထားပါသေးတယ်။ 

  1. Windows PC တွေလောက် အရေအတွက်မများသေးခြင်း 

Apple ရဲ့ macOS ကို အသုံးပြုထားတဲ့ MacBook တွေ၊ iMac လိုမျိုး Mac ကွန်ပျူတာတွေဟာ ဝယ်ယူသူများပြားလာပြီဆိုပေမယ့် Windows OS သုံးထားတဲ့ ကွန်ပျူတာတွေနဲ့ ယှဥ်ရင်တော့ အရေအတွက် နည်းပါးနေပါသေးတယ်။ 

ဒီလိုမျိုး အရေအတွက်နည်းပါးနေတာနဲ့ လုံခြုံရေးပိုင်းမှာလည်း Security Feature တွေအများအပြားပါဝင်တာကြောင့် Virus နဲ့ Malware တွေကို ထုတ်နေတဲ့ Hacker တွေက တိုက်ခိုက်မှုကို ခံရနိုင်ခြေလည်း နည်းပါးပါတယ်။ 

Apple ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ iMac 2021 အပြင် တခြားသော MacBook ၊ Mac ကွန်ပျူတာတွေကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Delivery Service ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU ၊ Visa ၊ MasterCard ၊ Yoma ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

Older

SureFix ရဲ့ iPad All Fine Promotion အကြောင်း အသေးစိတ်လေ့လာကြမယ်

Newer

နေ့စဥ်အသုံးပြုမှုတွေမှာ iPhone 13 mini ရဲ့ Battery က တကယ်ပိုကောင်းလာသလား

Start typing to see products you are looking for.
Shopping cart
Sign in


No account yet?

Create an Account

Delivery

Same Day Delivery ဝန်ဆောင်မှုအား (ရန်ကုန်နှင့်မန္တလေး)သာ ရရှိနိုင်ပါသည်။

အခြားမြို့များအတွက် မှာယူသည့်နေ့တွင် သက်ဆိုင်ရာ Delivery Service အပ်ပေးပါသည်။

Return

၇ရက်အတွင်းဖြစ်ပေါ်သော မူလချို့ယွင်းမှုများ အတွက် 24နာရီ အတွင်း အာမခံအပြည့်ပါသော ပစ္စည်းများဖြင့် အစားထိုးပေးပါသည်။

We Accept

လွယ်ကူမြန်ဆန်တဲ့ M Banking ကနေ No Service Charges နဲ့ ငွေပေးချေ ဝယ်ယူနိုင်ပါပြီ။

Call Us 09880441122

Operating Hour 9:00am to 7:30pm

Packing ဖွင့်ပြီးခါစ iPhone Factory Error တွေ့ရှိပါက iSure မှ ချက်ခြင်း Warranty အပြည့်ပါသည့် အမျိုးအစားတူနောက်တစ်လုံးနှင့် လဲလှယ်ပေးပါမည်။